စင်ကာပူနိုင်ငံဟာ ဆင်းရဲခြင်းဘဝကနေ ဘယ်လိုလွတ်မြောက်လာခဲ့လဲ။ အာရှမှာ ထိပ်တန်းနိုင်ငံ အထိ ဘာကြောင့်ထိုးတက်လာရတာလဲ။
သခင်ဇော်ကြီး (ဘာသာပြန်ဆောင်းပါး)
“အရေးကြီးဆုံးစိန်ခေါ်မှုက အိမ်ယာဖြစ်နေပါတယ်။ ၇၀ ရာနှုန်းသော စင်ကာပူလူမျိုး တွေဟာ ကျူး ကျော်ရပ်ကွက်တွေမှာ နေကြရပါတယ်။ Lee က အငြင်းပွားဖွယ်ရာ ဥပဒေတခု ပြဌာန်းလိုက် ပါတယ် ဒီဥပဒေအရ အစိုးရဟာ ဘယ်မြေကို မဆို စျေးချိုချိုနဲ့ ဝယ်နိုင်ပါတယ်။ ဒီလိုစျေးချိုချိုနဲ့ ဝယ်လို့ရတဲ့ မြေပေါ်မှာ တန်ဖိုးနည်းအိမ်ယာတွေ ဆောက်လိုက်ပါတယ်။ ဒီတော့ ပြည် သူတွေအနေနဲ့ ဒီတန်ဖိုး နည်းအိမ်ယာတွေကို စျေးချိုချိုနဲ့ ဝယ်လာနိုင်ကြပါတယ်။”
စင်ကာပူဟာ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၄ ဖြစ်ကာ အခြေခံအဆောက်အဦး ပြည့်စုံပြီး နည်းပညာ က လည်းပြောစရာမလိုပါဘူး။
ဒီနေရာဟာအရှေ့တောင်အာရှရဲ့စီးပွားရေးအခြေစိုက်ရာမြို့ဖြစ်လာပြီးကမ္ဘာ့လာဘ်စားအနည်းဆုံး နိုင်ငံ လည်းဖြစ်ပါတယ်။
စင်ကာပူလူမျိုးတွေဟာ ပညာတတ်တွေများကြပြီးကျန်းမာရေးအထူးကောင်းမွန်တဲ့ အလုပ် လုပ်ဆုံး လူသားတွေအဖြစ် ကမ္ဘာမှာ စံချိန်တင်ရပါတယ်။
ဒါပေမယ့် နှစ်အနည်းငယ်လောက်နောက်ပြန်ဆုတ်ကြည့်မယ် ဆိုရင်တော့ မလေးရှားဟာ ၁၉၆၅ ခုနှစ်မှာ စင်ကာပူကနေခွဲ ထွက်သွားပါတယ်။
အဲဒီတုန်းက စင်ကာပူနိုင်ငံသား ၈၀ ရာနှုန်းလောက်ဟာ ဆင်းရဲစုတ်ပြတ်စွာနေနေရပါတယ် ။ ၇၀ ရာ ခိုင်နှုန်း လောက် လူတွေဟာ အိမ်ခြေရာမဲ့ဖြစ်ပြီး ကျူးကျော်ရပ်ကွက်တွေမှာ နေရပါတယ်။
ဘိန်းစွဲမှုက နေရာတိုင်းမှာ ဖြစ်နေပြီး အလုပ်လက်မဲ့လူဦးရေက များပြားလွန်းပါတယ်။
ဆင်းရဲမွဲတေမှု ၊ အကြမ်းဖက်မှုပြီးတော့ လာဘ်စားမှုတွေဟာ စင်ကာပူရဲ့ ကျိန်စာလိုတောင် ဖြစ်နေ တာပါ။
ဒါဆို ဒီလောက်သေးငယ်တဲ့ ကျွန်းနိုင်ငံလေးက ကမ္ဘာမှာ အရမ်းချမ်းသာသွားပြီး အလုံခြုံဆုံးနိုင်ငံ ဖြစ်သွား ရတာလဲ။
၁၉ ရာစုလောက်က ကိုယ်ပိုင်စစ်တပ်ရှိတဲ့ ဗြိတိသျှအရှေ့ အိန္ဒိယကုမ္ပဏီဟာ ရေကြောင်းကနေ တကမ္ဘာလုံးကို ဖြန့်ကျက်ပြီးအရောင်းအဝယ် လုပ်ပါတယ်။
အဲဒီအချိန်က ဒီကုမ္ပဏီရဲ့ အရေးကြီးဆုံးကုန်စည်က တရုတ်လက်ဖက်ခြောက်ပဲ ဖြစ်ပါတယ်။
ဒီတရုတ် လက်ဖက်ခြောက်ကို ဝယ်ဖို့ အိန္ဒိယမြောက်ပိုင်းမှာ စိုက်တဲ့မူးယစ်ဆေးကို မြောက်များစွာ ရောင်းချရပါတယ်။
ဒီလို အရောင်းအဝယ်လုပ်ဖို့ Malacca ရေလက်ကြားလို့ခေါ်တဲ့ လမ်းကြောင်းကို ဖြတ်သွားရပါတယ်။
နှစ်ပေါင်း အနည်းငယ်အတွင်းမှာပဲ ဒီလမ်းကြောင်းဟာ ကုမ္ပဏီအတွက် အကြီးအကျယ် အမြတ် ထွက်ရာ လမ်းကြောင်း ဖြစ်လာပြီး ဒီလမ်းကြောင်းတခုလုံးမှာ အန္တရာယ်ကင်းဖို့ Sir Thomas Raffles က စင်ကာပူလို့ ဖြစ်လာမယ့် ဒီကျွန်းလေးပေါ်မှာ ဆိပ်ကမ်းတခု ဆောက်လိုက်ပါတယ်။
ဒီဆိပ်ကမ်းက Free ဖြစ်လို့ အခွန်မကောက်ခံပါဘူး ထောင်ချီတဲ့ သင်္ဘောတွေ ဒီဆိပ်ကမ်းကို ရောက် လာကြပြီး ၁၈၆၇ ခုနှစ်မှာ တော့ ဒီကျွန်းလေးဟာ ဗြိတိသျှကိုလိုနီအောက်မှာ ရောက်လာပါတယ်။
ဒါပေမယ့် ဥပဒေထိန်းချုပ်မှုအားနည်းတော့ စင်ကာပူဟာ ဘိန်းမှောင်ခိုလုပ်ငန်း၊ ပြည့်တန်ဆာ လုပ် ငန်း၊ လောင်းကစားလုပ်ငန်းတို့ရဲ့ ဗဟိုချက်မဖြစ်လာပါတယ်။
၁၉၄၁ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်က စင်ကာပူကိုတိုက်ခိုက်ခဲ့ပြီး ၁၉၄၅ မတိုင်ခင်မှာပဲ ဂျပန် လက်အောက်ရောက်သွားခဲ့ပါတယ်။
ဗြိတိသျှက စင်ကာပူဆီ ဘာမှ အထောက်အပံ့မပို့တော့ ဗြိတိသျှကို မုန်းသူတွေ အုံနဲ့ကြဉ်းနဲ့ရှိလာပါ တယ်။
အဲဒီအချိန်မှာ စင်ကာပူရဲ့ ကံကြမ္မာကို ပြောင်းလဲပေးမယ့် လူတယောက်ပေါ် ထွက်လာပါတယ်။
သူ့နာမည်က Lee Kuan Yew ဖြစ်ပြီး ရှေ့နေတယောက်ဖြစ်ပါတယ်။ နောက်ပိုင်း ၁၉၅၅ ခုနှစ်မှာ ပြည်သူ့ပါတီဆိုတဲ့ ပါတီတခုတည်ထောင်လိုက်ပြီး အဲဒီနှစ်မှာ ကျင်းပတဲ့ရွေးကောက်ပွဲက တဆင့် နေရာ အနည်းငယ်ရလာပါတယ်။ မကြာခင်မှာပဲ သူဟာနာမည်ရလာပြီး ၁၉၅၀ ခုနှစ် မှာတော့ Malaya ရဲ့ဝန်ကြီးချုပ်ဖြစ်သွားပါတယ်။
အဲဒီ အချိန်က မလေးရှားနှင့် စင်ကာပူတို့ဟာ တနိုင်ငံတည်းဖြစ်ပြီး Malaya လို့ခေါ်ပါတယ်။
သူဝန်ကြီးချုပ်ဖြစ်ပြီး နောက်သုံးနှစ်အကြာမှာတော့ မလေးရှားက စင်ကာပူကနေ ခွဲထွက်လိုက်တော့ Lee Kuan Yew ရင်ဆိုင်ရတဲ့ အခက်အခဲတွေက ဆတက်ထမ်းပိုးများလာပါတယ်။
သူ့ရှေ့မှာက စင်ကာပူနိုင်ငံသား အဖြစ်မခံယူရသေးတဲ့ ပြည်သူတွေဟာ ဆင်းရဲတွင်းနက်နေကြရပြီး အိမ်ခြေယာမဲ့ ပညာမဲ့လူတန်းစားတွေဖြစ်ပါတယ်။
ဒီလို အခက်အခဲတွေရှိပေမယ့် စင်ကာပူနိုင်ငံသားတွေရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်မယ်လို့ ကြုံးဝါး လိုက်ပါတယ်။
ပထမဆုံးအနေနဲ့ ဝရုန်းသုန်းကားအခြေအနေတွေကို ထိန်းချုပ်ဖို့လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ် သိမ်းလိုက်ပါတယ် ။ ကြမ်းကြမ်းတမ်းတမ်းဆန္ဒပြသူတွေ ဆေးသုံးစွဲသူတွေကို အပြင်းအထန် အပြစ် ပေး လိုက်ပါတယ်။
ပြီးတော့အစိုးရကို ဆန့်ကျင်ပြောသူ ဘယ်သူကို မဆိုဖမ်းဆီးပြီး တရားရုံးတင်လိုက်ပါတယ်။ ဒီလို လုပ်ဆောင်မှုတွေကနေ အကျိုးတရားရလာပြီး နိုင်ငံရေးနှင့်လူမျိုးရေးတင်းမာမှုတွေ ပြေလျော့လာ ပါတယ်။
အဲဒီအချိန်မှာ အရေးကြီးဆုံးစိန်ခေါ်မှုက အိမ်ယာဖြစ်နေပါတယ်။ ၇၀ ရာနှုန်းသော စင်ကာပူလူမျိုး တွေဟာ ကျူးကျော်ရပ်ကွက်တွေမှာ နေကြရပါတယ်။
Lee က အငြင်းပွားဖွယ်ရာ ဥပဒေတခု ပြဌာန်းလိုက်ပါတယ် ဒီဥပဒေအရ အစိုးရဟာ ဘယ်မြေကို မဆို စျေးချိုချိုနဲ့ ဝယ်နိုင်ပါတယ်။
ဒီလိုစျေးချိုချိုနဲ့ ဝယ်လို့ရတဲ့ မြေပေါ်မှာ တန်ဖိုးနည်းအိမ်ယာတွေ ဆောက်လိုက်ပါတယ်။ ဒီတော့ ပြည် သူတွေအနေနဲ့ ဒီတန်ဖိုးနည်းအိမ်ယာတွေကို စျေးချိုချိုနဲ့ ဝယ်လာနိုင်ကြပါတယ်။
နောက်ထပ်ဥပဒေကတော့ ပြည်သူတယောက်ချင်းစီရဲ့ လစာထဲက၂၅ ရာနှုန်းကို နုတ်ပြီး Central Provident Fund မှာထည့်လိုက်ပြီး ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကို အစိုးရရဲ့ ဝင်ငွေထဲကနေ ပေါင်းထည့် ပေးပါတယ်။ ဒီလိုနဲ့ လူတိုင်းရဲ့ ဒီ ၅၀ ရာခိုင်နှုန်း ဘဏ်စုငွေဟာ တနှစ်ပြီး တနှစ်ပွားများ လာပြီး နှစ် ပေါင်း အနည်းငယ်အတွင်းမှာ တိုက်ခန်းဝယ် လာနိုင်ကြပါတယ်။
ယနေ့ ခေတ်မှာတော့ ၈၀ ရာခိုင်နှုန်းသော စင်ကာပူလူမျိုးတွေဟာ အဲဒီအစိုးရကဆောက်ခဲ့တဲ့ အိမ် ယာ တွေမှာ နေထိုင် နေကြတာဖြစ်ပါတယ်။
နောက်ထပ် အကြီးဆုံးစိန်ခေါ်မှုတခုကတော့ အလုပ်အကိုင်ဖြစ်ပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုကို ခေါ် ဆောင်ပြီး အလုပ်ဖန်တီးနိုင်ဖို့ အစိုးရက ပြည်ပကုမ္ပဏီတွေ အတွက်အခွန်တွေ အများကြီး လျော့ချ ကာ စည်းမျဉ်းတွေကိုလည်း ပြင်ဆင်လိုက်ပါတယ်။
ပြည်ပကုမ္ပဏီတွေ အနေနဲ့ အစောပိုင်းဆယ်နှစ်အတွင်း အခွန်ကင်းလွတ်ခွင့်ပါပေးမယ် ဆိုပြီး စင်ကာ ပူ အစိုးရက ကြေညာခဲ့ပါသေးတယ်။
ပြည်ပကုမ္ပဏီတွေလည်း အလုံးအရင်းနဲ့ဝင်လာလို့ နှစ်အနည်းငယ်အတွင်းမှာ ကုမ္ပဏီကြီးတွေဟာ စင်ကာပူမှာ ရုံးခွဲတွေ ဖွင့်လှစ်လိုက်ကြပါတယ်။
ဆယ်နှစ်အတွင်းမှာပဲ စင်ကာပူက အလုပ်လက်မဲ့အခြေအနေဟာ ဇီးရိုးအဆင့်ရောက်သွားပြီး တိုး တက်မှုနှုန်းက ၁၃ ရာနှုန်းအထိ ရှိလာပါတယ်။
တဖက်မှာတော့ အစိုးရရုံးတွေမှာ လာဘ်စားမှုပပျောက်အောင် ဥပဒေတွေ တင်းကြပ်လိုက်ပြီး သေ ဒဏ်ပါပေးပါတယ်။
တချိန်တည်းမှာပဲ အစိုးရဝန်ထမ်းတွေရဲ့ လစာကိုဆယ်ဆတိုးပေးလိုက်ပြီး ပြောရရင် စင်ကာပူ အစိုးရ ဝန်ထမ်းလစာဟာ ကမ္ဘာမှာ အမြင့်ဆုံးထိရောက်သွားပါတယ်။
ဒီလိုတိုးပေးလိုက်တော့ ခုဆိုစင်ကာပူဟာ ကမ္ဘာ့လာဘ်စားမှု အနည်းဆုံးနိုင်ငံ ဖြစ်လာရတာပါ။
အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ ဝင်ငွေတွေကို ပြည်သူတွေရဲ့ အကျိုးအတွက် အသုံးချပြီး ဆေးရုံ ၊ ကျောင်း၊ လမ်း ၊ အဆောက်အဦး စတာတွေ တည်ဆောက်လိုက်ပါတယ် ။
ယနေ့ခေတ်မှာတော့ စင်ကာပူရဲ့ အခြေခံအဆောက်အဦးဟာ ကမ္ဘာ့အကောင်းဆုံးဖြစ်ပြီး ပညာရေး အဆင့်အတန်းကလည်း ဘယ်လောက်မြင့်လဲဆိုရင် ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲမှာ စင်ကာပူ ကျောင်း သား တွေဟာ ထိပ်ဆုံးက ရကြပါတယ်။
စင်ကာပူဟာ ကမ္ဘာ့လောင်စာဆီရောင်းဝယ်မှု အကြီးကျယ်ဆုံးနိုင်ငံဖြစ်နေပြီး ကမ္ဘာ့ဒုတိယ အကြီး ဆုံး ပင်လယ်ဆိပ်ကမ်းလည်း ပိုင်ဆိုင်ထားပါပြီ။
ဒါတင်မကသေးပါဘူး စီးပွားရေးစတင်လုပ်ဆောင်ဖို့ အလွယ်ကူဆုံးနိုင်ငံအဖြစ်လည်း သတ်မှတ်ခြင်း ခံရပါတယ်။ သူ့ရဲ့တိုးတက်မှုက ခေါင်းဆောင်တွေရဲ့ တိုင်းပြည်အပေါ်သစ္စာရှိမှု ရိုးသားမှု အနစ် နာခံမှုတို့ ကြောင့်ပဲဖြစ်ပါတယ်။
သခင်ဇော်ကြီး
Thanlwin Myanmar Media