Poem

0 0
Read Time:52 Second

ကဗျာကဏ္ဍ “ရှင်ဘုရင် ဓမ္မသတ်”

 

ပျိုးကြဲလက်

 

သူဌေးသူကြွယ် ပြည့်ဝမ်းမို့

ရော်ရမ်းလို့ မဖောက်ရာ ။

 

မူးမတ်ဟာ ပြည့်ဦးကင်း

နှိမ်ခြင်းကင်းကွာ ။

 

ပြည့်တံခွန် ရဟန်းမှာ

ကျိုးနွံစွာ ဦးခိုက် ။

 

ပညာရှင် ပြည့်မျက်စိ

ဖောက်ဘိ လူမိုက် ။

 

ပြည့်အစွယ် မင်းညီမင်းသား

ချိုးမထားနဲ့ မှတ်ပါလေ ။

 

သားပျိုသမီးပျိုမှာဖြင့်

မျက်နှာလို ပြည့်အသက်ပေမို့

မဖျက်သင့်ပေ ။

 

ပြည့်ခြေလက် ရဲမက်တွေ

မဖြတ်နဲ့လေ မြှောက်စား ။

 

မိဖုရား ဖွားစောရယ်က

ရင်မောစွာ တရုတ်ကြောက်မင်းကို

ရှင်းပြလို့ထား ။    ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၁ ရက် ည ၉ နာရီ ၂၁ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *