မြန်မာစစ်အစိုးရအနေနဲ့ စစ်မျက်နှာပေါင်းများစွာရင်နေရပြီး နယ်မြေမြောက်များစွာလက်လွတ်ဆုံးရှုံး နေဟု Scroll.in Website တွင် ရေးသားဖော်ပြ
ဘာသာပြန်ဆောင်းပါး
သခင်ဇော်ကြီး
မြန်မာစစ်အစိုးရအနေနဲ့ စစ်မျက်နှာပေါင်း များစွာ တိုက်ရိုက်တွေ့ဆုံနေရပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစလို့ ရှမ်းပြည်နယ်၊ တရုတ်နယ်စပ်အနီးရှိ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေဖြစ်တဲ့ ရခိုင်တပ်မတော် (Arakan Army) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ် မတော် နဲ့ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့က တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကလည်း တရုတ်မြန်မာနယ်စပ်မြို့တွေကို တမြို့ပြီး တစ်မြို့ သိမ်းပိုက်ခဲ့သလို ကရင်လွတ်မြောက်ရေး တပ်မတော် – KNU တို့ကလည်း ထိုင်းနယ် စပ်အနီးမြို့တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။
ရခိုင်တပ်မတော်ဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ စစ်ဆင်ရေးများ စတင်ဆောင်ရွက်ခဲ့ခဲ့တဲ့ အချိန်ကစလို့ မြေပြန့်နဲ့ အရေးကြီးတဲ့ မြို့နယ်တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် တခြားသော တိုင်းရင်းသားအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း မြန်မာ စစ် တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်တွေ ပြင်းထန်လျက်ရှိနေတာပါ။
၂၀၂၁ ခုနှစ်က ဒီမိုကရက်တစ်ရွေးကောက်တင်မြှောက်အစိုးရကို ဖြုတ်ချ အုပ်ချုပ်ခဲ့တဲ့ စစ်ကောင်စီ အနေနဲ့ နယ်မြေများစွာ အရှုံး အနေအထားနဲ့ အလဲလဲအကွဲကွဲ အခြေအနေထိ ရင်ဆိုင်နေရပါတယ်။
တရုတ်နိုင်ငံဟာ စစ်ကောင်စီနဲ့ တော်လှန်ရေး အဖွဲ့တွေကို ချိန်ညှိမှုလုပ်ဆောင်ကာ ၎င်းရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးဖို့ ကြိုးပမ်းနေပါတယ်။
ဒီအချိန်အတောအတွင်း၊ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပါဝင်မှုကလည်း မပြောပလောက်တဲ့ အနေအထားမှာရှိနေတာပါ။
ဒီမိုကရေစီလှုပ်ရှားမှုတွေကို ထောက်ခံမှုပေးတာ၊ ပိတ်ဆို့မှုတွေ ဆက်လက်လုပ်ဆောင်တာတွေ အ သည်းအသန်လိုအပ်နေပါတယ်။
စစ်တပ်ဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပြည်သူတွေအပေါ် ဦးတည် တိုက်ခိုက်တာတွေ ကို ဆတက်ထမ်းပိုး တိုးမြှင့်လုပ်ဆောင်လာနေတယ်လို့ စွပ်စွဲချက်များစွာလည်း ထွက်ပေါ် နေပါ တယ်။
နောက်ဆုံး ၂ လအတွင်း၊ ချင်းပြည်နယ်က မြန်မာစစ်တပ်အဖွဲ့ဝင်တွေဟာ အိန္ဒိယနယ်မြေဘက်ကို ထွက်ပြေးမှုတွေရှိနေခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ရခိုင်တပ်မတော်နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေ သလို AA အဖွဲ့အနေနဲ့လည်း နယ်မြေအလုံးစုံကို ထိန်းချုပ်ထားတယ်လို့ ယူဆရပါတယ်။
ရခိုင်တပ်မတော်အနေနဲ့က လွတ်လပ်တဲ့ ရှေ့ပြေး ပြည်နယ်အစိုးရတစ်ခု အဖြစ်ကို ရောက်ရှိလုနီးပါး ရှိနေပြီဖြစ်ကြောင်း သတင်းတွေထွက်ပေါ်နေပါပြီ။
ဘာသာပြန် – Scroll.in Website
Thanlwin Myanmar Media