International News

0 0
Read Time:4 Minute, 1 Second

အမေရိန်ဒေါ်လာ သုံးစွဲမှုကို ဆန့်ကျင်နေသည့် တရုတ်၊ ရုရှား၊ အန္ဒိယအပါအဝင် BRICS အဖွဲ့ဝင် ၉ နိုင်ငံက တင်သွင်းသည့် ကုန်ပစ္စည်းများကို ၁၀၀ ရာခိုင်နှုန်းအခွန်တိုးကောက်မည်ဟု ဒေါ်နယ်ထရမ့် ခြိးခြောက်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၃

 

အမေရိန်ဒေါ်လာ သုံးစွဲမှုကို ဆန့်ကျင့်နေသည့် တရုတ်၊ ရုရှား၊ အန္ဒိယအပါအဝင် BRICS အဖွဲ့ဝင် ၉ နိုင်ငံက တင်သွင်းသည့် ကုန်ပစ္စည်းများကို ၁၀၀ ရာခိုင်နှုန်းအခွန်တိုးကောက်မည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ခြိးခြောက်လိုက်ကြောင်း သိရသည်။

 

တရုတ်၊ ရှရှား၊ အန္ဒိယတို့ ပါဝင်ဖွဲ့စည်းထားသည့် BRISC အဖွဲ့သည် အမေရိကန်ဒေါ်လာအပေါ် မှီခို နေရမှုကို လျော့ချနိုင်ရန် အဖွဲ့ဝင်နိုင်ငံများအချင်းချင်းကြား သုံးစွဲနိုင်သည့် ငွေကြေးတစ်ခု ဖန်တီးရန် ကြိုးစားနေပြီး အမေရိကန်သမ္မတသစ် ဖြစ်သူ ဒေါ်နယ်ထရမ့်ကလည်း BRICS အဖွဲ့ဝင်များဖြစ် သည့် ရုရှားအပါအဝင် ၉ နိုင်ငံ၏ သွင်းကုန်များကို ၁၀၀ ရာခိုင်နှုန်းအခွန်တိုးကောက်မည်ဖြစ်ကြောင်း ၎င်း ပိုင်ဆိုင်သည့် လူမှုန်ကွန်ယက် Trum Social ကတဆင့် ခြိမ်းခြောက် ထားကြောင်း သိရသည်။

BRICS ကို ၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က ရုရှားနိုင်ငံ ၊ Yekateringurg ၌ စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံများ ခိုင်မာစေရန် ရည်ရွယ်၍ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအတွက် အာဏာခွဲဝေပေးနိုင်သော ကုန်သွယ်မှုငွေကြေး စနစ်တစ်ခု ဖန်တီးကာ နိုင်ငံရေး၊ စီးပွားရေး လှုပ်ရှားမှုအတက်အကျလွတ်မြောက်စေရန်နှင့် ကမ္ဘာ့ နိုင်ငံ များအကြား ကုန်သွယ်မှုစနစ်တွင် အနောက်နိုင်ငံများအပေါ် မှီခိုနေရမှုကို လျော့ချနိုင်ရန် အ တွက် ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

BRICS အဖွဲ့အနေဖြင့် ငွေကြေးအသစ် ထုတ်လုပ်ရခြင်း ရည်ရွယ်ချက်မှာအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အဆက်အသွယ်များကို ပိုမိုတိုးတက်စေရန်၊ ဒေါ်လာမှတဆင့် ရရှိနိုင် သည့် စီးပွားရေး နှောင့်နှေးမှုများမှ ကာကွယ်ရန်နှင့် အကန့်အသတ်များကို လျှော့ချရန် ၊ အနာဂတ် စနစ်ပုံစံ ဤငွေကြေးအသစ်ကို အဖွဲ့ဝင်နိုင်ငံများ၏ ငွေကြေးများ (သို့) ရွှေဖြင့် ထောက်ခံထားနိုင် ကြောင်း သိရသည်။

 

ထိုသို့လုပ်ဆောင်ထားခြင်းအားဖြင့် စီးပွားရေးတည်ငြိမ်မှုနှင့် အတူ ဒေါ်လာကို အခြေခံသော ကမ္ဘာ့ စ နစ် များကို လျှော့ချစေမည်ဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်မှုအပေါ်တွင်လည်း အရေးပါမည်ဖြစ်ကာ အမေရိ ကန် နိုင်ငံ သမ္မတဒေါ်နယ်ထရမ့်၏ ထိုင်းမူဝါဒကိုလည်း ဟန့်တားနိုင်မည်ဖြစ်ကြောင်း၊ BRICS ၏ ငွေပေးချေမှုဆိုင်ရာ တီထွင်မှုပုံစံ အဖွဲ့သည် BRICS Bridge လို့ခေါ်သော CBDC အခြေခံ ငွေပေးချေမှု စနစ်တစ်ခုဖြစ်ကြောင်း သိရသည်။

 

အောက်တိုဘာလ ၂၂ ရက် နေ့မှ ၂၄ ရက်နေ့အထိ ရုရှားနိုင်ငံ Kazan တွင်းကျင်းပခဲ့သည့် BRICS အ စည်းအဝေးတွင် အယ်လ်ဂျီးရီးယား၊ ဘီလာရုစ်၊ ဘိုလီးဗီးယား၊ ကျူးဘား၊ အင်ဒိုနီးရှား၊ ကာဇက်စ တန်၊ မလးရှား၊ နိုင်ဂျီးရီးယား၊ ထိုင်း ၊ တူရကီ၊ ယူဂန္ဓာ၊ အူဇဘက်စတန်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပူး ပေါင်း ပါဝင်ခဲ့သည့်အပြင် ဒီဇင်ဘာလ ၁ ရက်န့ကလည်း နိုင်ငံဂျီးရီးယားအပါအဝင် ၁၂ နိုင်ငံသည် BRICS အဖွဲ့ဝင်နိုင်ငံများအဖြစ်ပူးပေါင်းခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *