ဆီဆိုင်မြို့နယ်၊ နောင်ရင်းကျေးရွာတွင် စစ်တပ်နှင့် PNO ပြည်သူများက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးနှင့် မိခင်ဖြစ်သူတို့ သေဆုံးပြီး ကလးငယ်၏ ဖခင်ဖြစ်သူ အပြင်းအထန် ဒဏ်ရာရ
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းကျေးရွာတွင် အကြမ်းဖက်စစ်တပ်နှင့် လက် အောက်ခံ PNO ပြည်သူ့စစ်များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေး ၁ ဦး နှင့် မိခင်ဖြစ်သူတို့ သေဆုံးခဲ့ပြီး ကလေးငယ်၏ဖခင်ဖြစ်သူ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၂ ရက် နံနက် ၁၀ နာရီခန့်က ဆီဆိုင်မြို့နယ်၊ နောင်ရင်းကျေးရွာနေ မိသားစု ၃ ဦး သည် ၎င်းတို့ ပိုင်ဆိုင်သော ပြောင်းခြံအတွင်း ပြောင်းချိုးနေစဉ် အကြမ်းဖက် စစ်ကောင်စီနှင့် လက် အောက်ခံ PNO ပြည်သူ့စစ်များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးနှင့် မိခင်ဖြစ်သူ မနန်းထွေးတို့ နေရာမှာပင် သေဆုံးခဲ့ပြီး ကလေးငယ်၏ ဖခင်ဖြစ်သူ ခွန်ငယ်လေးမှာ ခန္ဓာ ကိုယ်အနှံ့ ဗုံး စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒီမနက် ၁၀ နာရီမှာဖြစ်သွားတာပါ၊ ကျနော်တို့စုံစမ်းမှုအရတော့ အနောက်ဘက်မှာရှိတဲ့ စစ်ကောင် စီနဲ့ PNO ပြည်သူ့စစ်တွေ အခြေချတဲ့နေရာကတက်လာတဲ့ ဒရုန်းက ပြောင်းခြံထဲမှာ ပြောင်းချိုးနေ တဲ့ ပြည်သူတွေကို ဗုံးကျဲပြီးတော့ တိုက်ခိုက်သွားတာ၊ အဲဒီမှာ အသက် ၂ နှစ်အရွယ် ကလေးနဲ့ ကလေးရဲ့ အမေကတော့ ပွဲချင်းပြီးသေဆုံးသွားပါတယ်။ ကလေးရဲ့အဖေကတော့ခန္ဓာကိုယ့်အနှံ့ ဗုံးစ ထိမှန် ဒဏ်ရာရရှိထားပါတယ်။” PNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ခွန်ရိန်းယံက ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များသည် ပအိုဝ်းဒေသကို စစ်ကြောင်းထိုးကာ ပအိုဝ်းကျေးရွာများကို ဗုံးကျဲတိုက်ခိုက်ခြင်း ၊ ပအိုဝ်းပြည်သူများ၏ နေအိမ် များအား မီးရှို့ဖျက်ဆီးခြင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခြင်း၊ ပအိုဝ်းပြည်သူအား သတ် ဖြတ်ခြင်းများ အဆက်မပြတ် ပြုလုပ်လျက်ရှိပြီး ယင်းလုပ်ရပ်သည်အင်မတန်ရက်စက်ယုတ်မာသည့် လုပ်ရပ်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
Thanlwin Myanmar Media