Magway News

0 0
Read Time:3 Minute, 49 Second

ပွင့်ဖြူမြို့နယ်၊ မဲဇလီ -ဆည်တော် ကြိုးတံတားဂိတ်နှင့်အလောင်းလာကောက်သည့် စစ်သားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး ၊သေနတ် ၁ လက်သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂

 

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီ – ဆည်တော်ကြိုးတံတားရှိ အကြမ်းဖက်စစ်တပ်ဂိတ်နှင့် အ လောင်းလာ ကောက်သည့် စစ်သားများကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မင်းဘူး ခရိုင်အမှတ် ၇ တပ်ရင်းထံမှ သိရသည်။

 

နိုဝင်ဘာလ ၂၇ ရက် နံနက် ၆ နာရီ ၃၀ မိနစ်အချိန်က ပွင့်ဖြူမြို့နယ်၊ မဲဇလီ-ဆည်တော် ကြိုးတံတား ဆည်တော်ဘက်ခြမ်း ဂိတ်ရှိ အကြမ်းဖက်စစ်သား ၃ ဦးကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ မိနစ် ၂၀ ခန့်ကြာ မြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁ ဦးနေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ကျန်စစ်သား ၂ ဦးမှာ ဒဏ်ရာများဖြင့် မဲဇလီ ထွက်ပြေးသွားသဖြင့် လိုက်လံပစ်ခတ်ရာ တစ်ဦးထက်မံသေဆုံးပြီး ကျန်တစ် ဦးမှာ ဒဏ်ရာများဖြင့် ပြန်လည် ခုခံပစ်ခတ်နေသဖြင့် လက်နက်ကောက်ယူခြင်းမပြုပဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“တံတားရဲ့ ဆည်တော်ဘက်ခြမ်းမှာက ၃ ဦး၊ မဲဇလီဘက်ခြမ်းမှာက ၂ ဦးရှိတာ၊ ၃ ဦး လုံး သေတယ်၊ ဒဏ်ရာရပြီး ပြန်ပစ်နေတဲ့ ၁ ဦးလည်း ထပ်သေတယ်လို့ သတင်းရတယ်။ ဒဏ်ရာနဲ့ ပြန်ပစ်နေတဲ့ သူကို မဲဇလီဘက်ခြမ်းမှာရှိတဲ့ ၂ ဦးက လာကောက်ပြီး ၁၁ ခွဲလောက်မှာ လူနာတင်ကားနဲ့ မကွေး စစ်ဆေးရုံကိုပို့လိုက်တာ၊ သေတယ်လို့ ပြောတယ်။ ကျန်တဲ့အလောင်းတွေကိုတော့ နေ့လည်ပိုင်းမှ လက်နက်ကြီးတွေထောက်၊ စက်လက်တွေထောက်ပြီး လာကောက်သွားတာ၊ မဲဇလီဘက်ခြမ်းက စစ် သားတွေပဲ” ဟု မင်းဘူး ခရိုင်အမှတ် ၇ တပ်ရင်းမှ သတင်းပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

 

ထိုသို့ သေဆုံးစစ်သားအလောင်းများ လာရောက်ကောက်ယူသည့် အကြမ်းဖက်စစ်သား ၂၀ ခန့်ကို တံတားဂိတ်၌ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ် သား ၂ ဦး ထပ်မံသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူစာရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ယင်းတိုက်ခိုက် မှုများအတွင်း အကြမ်းဖက်စစ်သား များထံမှ G 2 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၂၈ တောင့်၊ လက်ကိုင်ဖုန်း ၂ လုံးအပါအဝင် စစ်အသုံးဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် – ၇ တပ်ရင်း၊ မကွေးတိုင်းပကဖ ရွေ့လျား စစ်ကြောင်း (Yenanthar Column) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပွင့်ဖြူမြို့နယ်တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“ကျနော်တို့အနေနဲ့ အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်။ မိဘပြည်သူတွေက ဘေးကင်း အောင်နေပြီးပူးပေါင်းပါဝင်ပေးကြပါလို့ ပြောချင်ပါတယ်” ဟု မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *