ညောင်လေးပင်ခရိုင်မှာ စစ်တပ် ထောင်ထားတဲ့ နင်းမိုင်းမိပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်နဲ့ ဖခင်ဖြစ်သူတို့ သေဆုံး၊ စစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုကြောင့် ဘုန်းကြီး ကျောင်းတွေ ပျက်စီး
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၁
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းမှာ အကြမ်းဖက် စစ်တပ်က ထောင်ထားတဲ့ နင်းမိုင်းမိပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်နှင့် ဖခင်ဖြစ်သူတို့ သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ထားပါ တယ်။
နိုဝင်ဘာလ ၂၈ ရက်နေ့က ပေါက်ဇလုပ်ကျေးရွာနေ ကိုစိုးမင်းနောင်၊ ဇနီးမနုနုဝင်းတို့နဲ့ သမီးဖြစ်သူ မအေးမြတ်ငြိမ်းတို့ မြို့ပေါ်ကို ဈေးသွားဝယ်ထွက်လာတုန်း ညောင်ပင်သာကျေးရွာအရောက်မှာ အကြမ်းဖက် စစ်တပ်က ထောင်ထားတဲ့ နင်းမိုင်းမိပြီး မိုင်းပေါက်ကွဲတာကြောင့် အသက် ၂၇ နှစ် အရွယ် ကိုစိုးမင်းနောင်နဲ့ အသက် ၅ နှစ် အရွယ် သီးဖြစ်သူ မအေးမြတ်ငြိမ်း တို့ ပွဲချင်းပြီး သေဆုံးကာ အသက် ၂၅ နှစ်အရွယ် မနုနုဝင်းမှာ ဒဏ်ရာရရှိလို့ ဖြူးဆေးရုံမှာတင်ပို့ကုသထားရတယ်လို့ သိရပါ တယ်။
နိုဝင်ဘာလ ၂၇ ရက်နေ့မှာလည်း လယ်ဒိုမြို့နယ်၊ ခလရ-၂၆၄ တပ်ရင်း ၊ အနန်းဘော်ရွာမှာ ရောက်ရှိ နေတဲ့ စစ်တပ်နဲ့ နတ်သံကွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေက ဒရုန်း၊ လက်နက်ကြီး တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ယောက်သွားကုန်းရွာ၊ ကော်သာစေးကျေးရွာ၊ ဝက်လာတောကျေးရွာ၊ ရွာသာယာကျေးရွာ ဘုန်းကြီးကျောင်း၊ သူးကဘီး (ကျွဲတလင်း) ကျေးရွာ ဘုန်းကြီးကျောင်း၊ ဖါးလဲ ဘာ ကုန်းရွာတွေအတွင်း ဗုံးသီးကျရောက်ပေါက်ကွဲမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ုခိုက်တာကြောင့် သူးကဘီး (ကျွဲတလင်း) ကျေးရွာက ဘုန်းကြီး ကျောင်း ၁ ကျောင်း အပါအဝင် ကျောင်းဝင်းအတွင်းရှိ ရေကန် ၁ ကန် ၊ ဆိုလာ ၁ ချပ် နှင့် ရွာသာယာ ကျေးရွာမှ ဘုန်းကြီးကျောင်း ၁ ကျောင်း ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၈ ရက်နေ့မှာလည်း ခလရ-၂၆၄ တပ်ရင်း ၊ နတ်သံကွင်းမှာ တပ်စွဲထားသော စစ်ကောင် စီ တပ်သားတွေနဲ့ ကုန်းချောင်းဝရွာမှာ ရောက်ရှနေတဲ့ စစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ကော်သာစေးကျေးရွာ၊ ငဖယ်အင်းကျေးရွာ၊ နတ်တလင်းရွာ ဘုန်းကြီးကျောင်း၊ ပဲသောင်ကျေးရွာ၊ တောကြောင်ပေါက်ကျေးရွာ၊ နတ်တလင်းရွာ၊ ခြောက်တဲစုကျေးရွာ၊ အင်းနက်ကျေးရွာ ဘုန်းကြီး ကျောင်း၊ ဝေဒေါခို (အင်တိုင်းကုန်း) ကျေးရွာ၊ ဖါးလဲဘာကုန်းရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း နတ်တလင်းရွာ ဘုန်းကြီးကျောင်းနဲ့ အင်းနက်ကျေးရွာ ဘုန်းကြီး ကျောင်းတို့ ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း မူးမြို့နယ်၊ သေဂေးလူ (ရင်းတိုက်ကုန်း) ကျေးရွာမှာ ရောက်ရှိနေ တဲ့ အ ကြမ်းဖက် စစ်တပ်က ရေလဲဗမာကျေးရွာ အတွင်းကို ဒရုန်းနဲ့ ၂ ကြိမ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ မှာလည်း ကုန်းချောင်းဝမှာ နေရာယူထားတဲ့ အကြမ်းဖက် စစ်တပ်က ဟော်ခိုဝေါ (ငထွေစုတ်) ကျေး ရွာကို ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ တစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
Thanlwin Myanmar Media