AA News

0 0
Read Time:4 Minute, 49 Second

မောင်တောမြို့နယ်၊ ကြိမ်ချောင်းဗျူဟာစခန်းကို သိမ်းပိုက်ရရှိ၊ အမ်းနှင့်ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်သား ၁၁ ဦးသေဆုံး

 

D Day News

ဧပြီလ ၁၃

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကြိမ်ချောင်းနယ်ခြားစောင့် ဗျူဟာစခန်းဖြစ်သည့် ကြိမ်ချောင်း စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း ရခိုင့်တပ်တော် -AA က ထုတ်ပြန်သည်။

 

မတ်လ ၂၃ရက်နေ့က ထိုးစစ်အရှိန်အဟုန်မြင့်တင်လျက် စတင်တိုက်ခိုက်ခဲ့သည့် မောင်မြို့နယ်ရှိ အ ကြမ်းဖက် စစ်ကောင်စီ၏ လက်ကျန်စခန်းများထဲမှ တစ်ခု ဖြစ်သော ကြိမ်ချောင်း ဗျူဟာစခန်းကြီး အာရက္ခတပ်တော်(ရက္ခိုင့်တပ်တော်)မှ ဧပြီလ ၁၂ ရက်နေ့တွင်အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ် ကြောင်း၊အကြမ်းဖက်စစ်သား၊ ရဲ အလောင်းအမြောက်အမြား၊ သုံပန်းတချို့ နှင့် ၎င်းတို့၏ မိသားစု ဝင်အချို့ကို ဖမ်းဆီးရမိခဲ့ကာ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ်စခန်းကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် အာရက္ခတပ်တော်က လချီ၍ ဝန်းရံပိတ်ဆိုဖြတ်တောက်ထားပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက်တွင်မှ ထိုးစစ်အားအရှိန် အဟုန်မြှင့်တင်လျက် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကြိမ်ချောင်း ဗျူဟာကုန်းသည် နယ်ခြားစောင့်တပ်ရင်းဌာနချုပ် – နခခ ၇ ဖြစ်ပြီး စစ်ကောင် စီ တပ်ဖွဲဝင် ၁၀၀ ကျော်၊ နယ်ခြားစောင့်တပ်ဖွဲဝင် ၄၀၀ ခန့်နှင့်အတူ ၎င်းတို့၏ မိသားစုဝင် ၁၅၀ ခန့်ရှိ သော စခန်းကြီးတစ်ခုဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး မင်းစိုးနှင့် အ ကြမ်း ဖက်စစ်တပ်လက်အောက်ခံ ဒုဗိုလ်မှူးကြီး ရဲမှူးကြီး ဝင်းမြင့်အောင် တို့ ဦးဆောင်ကာ အသည်း အသန် ခုခံနေသောဗျူဟာစခန်းကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

 

ဧပြီလ ၁၀ ရက်နေ့ကလည်း ညနေ ၃ နာရီ မိနစ် ၄၀ အချိန်တွင် အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အ နောက်ဘက် မီတာ ၁၄၀၀ ခန့်အကွာ၌ အင်အား ၅၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းနှင့် ရခိုင့်တပ်တော်တို့ကြား နာရီဝက်ခန့်အကြာ တိုက်ပွဲဖြစ်ခဲ့ရာ  အကြမ်းဖက်စစ်တပ်က မြေပြင်လက် နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတို့ကို အသုံးပြုတိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်းထန်ခဲ့ ကြောင်း သိရသည်။

 

ထိုသို့ တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်သားများသည် အထိအခိုက်အကျအဆုံးများစွာဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် -နပခ ဌာနချုပ်ရှိရာ အမ်းမြို့သို့ ပြန်လည် ဆုတ်သွားကြောင်း၊ ယင်းတိုက်ပွဲအတွင်း ရခိုင့်တပ်တော်ဘက်မှလည်း ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၁၁ ရက် နံနက် ၁၁ နာရီ မိနစ် ၂၀ အချိန်တွင် အမ်းမြို့နယ်၊ မင်းဘော်ရွာ၏ တောင်ဘက် မီ တာ ၁၀၀၀ ခန့်အကွာ၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရခိုင့်တပ်တော်တို့ကြား စတင်တိုက်ပွဲဖြစ်ခဲ့ ပြီး ညနေ ၄ နာရီအချိန်အထိ အပြန်အလှန်ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦး သေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ ဧပြီလ ၁၀ ရက်၊ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင် မောင်တောမြို့နယ်၊ ကံပြင်သာ စည် ကျေးရွာ၏ အရှေ့ဘက် ၂ ဒသမ ၅ ကီလိုမီတာခန့်အကွာ ဘူးသီးတောင်-မောင်တောကျော်လမ်းပေါ် တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရခိုင့်တပ်တော်တို့ကြား ၁ နာရီနားပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးကာ ၈ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ရခိုင့်တပ်တော်အနေဖြင့် ယခင်ထုတ်ပြန်ပြောထားပြီးဖြစ်သည့်အတိုင်း လက်နက်ချအညံ့မခံသေး သည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် – နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်၊ စကခ ၁၅ ဌာနချုပ်နှင့် တောင်ကုတ်၊ စကခ ၅ အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ကြိမ်ချောင်းဗျူဟာကဲ့သို လက်နက်ချအညံ့မခံသော စခန်းများ အနေဖြင့် အမြန်ဆုံး လက်နက်ချရန် ရခိုင့်တပ်တော်က ထပ်မံသတိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *