PNLA News

0 0
Read Time:5 Minute, 31 Second

ဆီဆိုင်မြို့နယ်၊ အောင်ကလပ်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က ထီးစဲခါးရေတံခွန် ကျောင်းဆရာတော်၏ ကားကို ပစ်ခတ်မှု ထီးစဲခါး ရေတံခွန်ကျောင်းဆရာတော် ပျံလွန်တော်မူပြီး ကျန်သံဃာ ၂ ပါး အပြင်းအထန်ဒဏ်ရာရ

 

  • ဟိုနမ့်ဒေသရှိ ပအိုဝ့်ကျေးရွာ ၂ ရွာကိုလည်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ် ၁၁ လုံးပျက်စီး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆီဆိုင်-လွိုင်ကော်လမ်းမကြီးပေါ်၊ အောင်ကလပ်ကျေးရွာ ၌ တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်သားများက ထီးစဲခါးရေတံခွန်ကျောင်း ဆရာတော်၏ ကားကို ပစ်ခတ်ခဲ့ရာထီးစဲခါး ရေတံခွန် ကျောင်းဆရာ တော် ပျံလွန်တော်မူပြီး ကျန်သံဃာ ၂ ပါး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း PNLA သတင်းနှင့်ပြန် ကြားရေးဌာန ထံက သိရသည်။

 

ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်က ဆီဆိုင်မြို့နယ်၊ ဆီဆိုင်-လွိင်ကော်လမ်းမကြီး ပေါ် အောင်ကလပ်ကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များက ထီးစဲခါးရေတံခွန် ကျောင်းမှ ဆရာတော်၏ကားကို ဝိုင်းဝန်း ပစ်ခတ်ခဲ့ရာ ထီစဲးခါးကျောင်းဆရာတော်မှာ အပစ်ခံရ သည့် နေရာတွင်ပင် ပျံလွန်တော်မူခဲ့ပြီး ယာဉ်ပေါ်ပါ အခြားဆရာတော် ၂ ပါးသည်လည်း အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ထီးစဲခါးဆရာတော်ကားနဲ့ပဲ ဆီဆိုင်မြို့ဘက်ကိုအလာ အောင်ကလပ်ကျေးရွာမှရှိတဲ့ စစ်ကောင်စီက ဝိုင်းပစ်လိုက်တာ၊ ဆရာတော်က ပျံလွန်တော်မူသွားတယ်၊ ပြီးတော့ အခြားဆရာတော် ၂ ပါးလည်း ဒဏ်ရာအပြင်းအထန်ရသွားတယ်။ ပစ်ခတ်မှုဖြစ်တဲ့နေရာကတော့ ဆီဆိုင်-လွိုင်ကော် လမ်းမကြီး ပေါ်မှာ ဖြစ်တာ၊ အဲဒီမှာက စစ်ကောင်စီစိုးမိုးထားတဲ့နေရာတွေဖြစ်ပါတယ်။ ပြီးတော့ အောင်ကလပ် ကျေးရွာဆိုတာကလည်း စစ်ကောင်စီစခန်းရှိတဲ့နေရာ ဖြစ်ပါတယ်။ ဘာအကြောင်းကြောင့် ပစ်တာ လည်းတော့ မသိဘူးပေါ့၊ စစ်ကောင်စီက ကိုယ်တိုင်ပစ်ခတ်သွားတာ၊ ပြီးတော့မှ စစ်ကောင်စီကိုယ် တိုင်ကပဲ KNDF က လုပ်သလိုလို၊ PDF တွေကလုပ်သလိုလို သတင်းပြန်လွှင့်ထားတာလည်း တွေ့ တယ်ပေါ့နော်၊ ဒါပေမယ့်ကျနော်ပြောချင်တာက အဲဒီနေရာမှာက စစ်ကောင်စီတပ်စခန်းစခန်းရှိတဲ့ နေရာဖြစ်ပါတယ်။ အဲဒီနေရာတွေက စစ်ကောင်စီတပ်ဖွဲ့တွေပဲရှိတဲ့နေရာဖြစ်ပါတယ်။” ဟု PNLA သတင်းနှင့်ပြန် ကြားရေးဌာန တာဝန်ရှိသူ ခွန်းယိမ်းယံက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များသည် ပအိုဝ်းရဟန်း သံဃာ တော်များ၏ မေတ္တာရပ်ခံချက်ကို လျစ်လျူရှုပြီး ပအိုဝ်းဒေသကို ထိုးစစ်ဆင်ကာ ပအိုဝ်း ကျေးရွာများ အား ဖျက်ဆီးခြင်း ၊ ပြည်သူများအားသတ်ဖြတ်ခြင်း၊ ရဟန်းသံဃာတော်များအား ပစ်ခတ်သတ်ဖြတ် ခြင်း များကို ကျူးလွန်နေလျက်ရှိကြောင်း သိရသည်။

 

ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်နေ့ နံနက် ၄ နာရီအချိန်ကလည်း အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက် ဖိုက်တာ ၂ စင်း ဖြင့် မောက်မယ်မြို့နယ်၊ ဟိုနမ့်ဒေသရှိ ပအိုဝ်းကျေးရွာ၂ ရွာကို ဗုံး ၁၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ကျေးရွာတစ်ရွာ၌ ထိခိုက်မှုမရှိသော်လည်း ကျန်ကျေးရွာတစ်ရွာမှ နေအိမ် ၁၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

“မောက်မယ်မြို့နယ်၊ ဟိုနမ့်ဒေသမှာတော့ မနေ့က မနက် ၄ နာရီလောက်မှာ စစ်ကောင်စီဂျက်ဖိုက် တာနဲ့ ဗုံး ၁၄ လုံးကျဲချသွားတာပေါ့၊ တစ်ကြိမ်ကို ဗုံး ၇ လုံး ကျဲချသွားတယ်၊ ၂ နေရာကျဲသွားတာပေါ့၊ ပအိုဝ်းရွာ ၂ ထဲကိုကျဲချတာ၊ တစ်ရွာကတော့ ဘာမှမဖြစ်ဘူး။ တစ်ရွာကတော့ နေအိမ် ၁၁ လုံးကျော် ထိသွားတယ်၊ လူထိတာတော့ မရှိဘူး။ လူတွေက တိမ်းရှောင်ပုန်းနေကြတာဆိုတော့ လူထိခိုက်မှုမရှိ ဘူး” ဟု PNLA သတင်းနှင့်ပြန် ကြားရေးဌာန တာဝန်ရှိသူ ခွန်းယိမ်းယံက ပြောကြားသည်။

 

ထိုအပြင် နိုဝင်ဘာလ ၂၀ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များ သည် နမ့်ယင်ကျေးရွာနေ ဖြားလိန်းကို ပွန်ချောင်းတံတားအနီးတနေရာတွင် ပစ်ခတ်သတ်ဖြတ်ခဲ့ ကြောင်း သိရသည်။

 

“အခုဆိုရင် စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေက ပအိုဝ်းကျေးရွာတွေကို စစ် ကြောင်းတွေထိုးပြီးတော့မှ ဗုံးကျဲလေယာဉ်တွေ ၊ ဒရုန်းတွေအသုံးပြုပြီးတော့မှ ပြည်သူလူထုတွေ၊ ရဟန်းသံဃာတော်တွေကို ပစ်ခတ်သတ်ဖြတ် ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတာ တော်‌ တော်ဆိုးဆိုး ဝါးဝါးဖြစ်လာနေပါတယ်” ဟု PNLA သတင်းနှင့်ပြန် ကြားရေးဌာန တာဝန်ရှိသူ ခွန်းယိမ်းယံက ပြောဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *