NUG News

0 0
Read Time:5 Minute, 28 Second

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားမှုအပေါ် ကြိုဆို ကြောင်းနှင့် ဖမ်းဝရမ်းထုတ် ခံရမည့် တရားခံအား နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး အရှိန်မြှင့် တင်သွားမည်ဟု NUG၊ KNU ၊ CNF ၊ KNPP တို့ ပူးတွဲထုတ်ပြန်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁

 

အကြမ်းဖက်စစ်ခေါင်းဆောင်အား ဖမ်းဝရမ်းထုတ်ရန်လျှောက်ထားမှုအပေါ် ကြိုဆိုကြောင်းနှင့် ဖမ်း ဝရမ်း ထုတ်ခံရမည့်တရားခံအား နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး အရှိန်မြှင့်တင်သွားမည်ဖြစ် ကြောင်း NUG၊ KNU ၊ CNF ၊ KNPP တို့က နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပူးတွဲထုတ်ပြန်သည်။

 

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အ တွက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန်အတွက် အပြည်ပြည် ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ၏ ရှေ့နေချုပ် Karim AA Khan က ICC သို့ လျှောက်ထားလိုက် ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရှေ့နေချုပ်၏ ဆောင်ရွက်ချက်ကို ကြိုဆိုပါ ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်ထွန်းမှုသည် မြန်မာ့တပ်မတော်သမိုင်းတွင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇ ဝတ် မှုတရားခံအဖြစ် နိုင်ငံတကာတရားရုံးတစ်ခု၏ ဖမ်းဝရမ်းထုတ်ရန် ပထမဆုံး လျှောက်ထားခြင်း ခံရသည်မှာ မြန်မာ့တပ်မတော် အပါအဝင် မြန်မာနိုင်ငံ၏ လုံခြုံရေးစနစ် ၊ တရားရေးစနစ်၊ နိုင်ငံရေး စနစ် ပြုပြင်ပြောင်းလဲရန် အရေးပေါ်လိုအပ်လျက်ရှိသည်ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အကြမ်းဖက်စစ်ခေါင်းဆောင်နှင့် ပတ်သက်ဆက်စပ်သူအားလုံးမှာ ပျက်စီးဆုံးရှုံးမှုများကိုသာ မလွဲမ သွေ ရင်ဆိုင်ကြုံတွေ့ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်တပ်အတွင်းရှိ တပ်မတော်သားအားလုံး အနေဖြင့် တပ်မတော်အား လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုအတွက် တာဝန်ရှိသူ မင်းအောင်လှိုင်၏လက်ထဲမှ ပြန်လည်ကယ်တင်ရန်၊ ပြည်သူလူထုကလိုလားသော၊ နိုင်ငံရေးနှင့် ပတ်သက်မှုမရှိသော၊ ပြည်သူလူထုကိုအကာအကွယ်ပေးသော အကျိုးပြုတပ်မတော်အဖြစ် ဖက်ဒ ရယ် ဒီမိုကရေစီ အခြေခံမူများနှင့်အညီ လုံခြုံရေးကဏ္ဍအသစ်ကို ဆောင်ရွက်ကြရန် NUG၊ KNU ၊ CNF ၊ KNPP တို့က ဖိတ်ခေါ်ထားသည်။

 

ထို့ပြင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုတရားခံအဖြစ် ဝရမ်းထုတ်ခံရမည့် အကြမ်း ဖက် စစ်ခေါင်းဆောင်က ဦးစီးကျင်းပမည့် ရွေးကောက်ပွဲသည် မည်သည့်နည်းနှင့်မျှ တရားဝင်ခြင်း မရှိဘဲ၊ သမိုင်းအမှောင်လမ်းထဲသို့ တိုး၍ မိုက်တွင်းနက်ခြင်းသာဖြစ်ပြီး၊ စစ်တပ်အတွက် သာမက တိုင်းပြည်အတွက်ပါ နိုင်ငံရေးထွက်ပေါက် လုံးဝ ဖြစ်လာမည် မဟုတ်ကြောင်း ဆက်လက်ထောက်ပြ ထားသည်။

 

အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝန်းသည်လည်း အကြမ်းဖက် စစ်ခေါင်းဆောင်က ဦးဆောင်လျက်ရှိသည့် အကြမ်းဖက်စစ်အုပ်စုနှင့် ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်နေ သော ဆက်ဆံရေးများကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ဖြစ်ပွားခြင်းကို အားပေးသည့် အခြေအနေ မဖြစ်ပေါ်စေရေးအတွက် သတိမူကြရန် လိုအပ်လာပြီဖြစ်ကြောင်း NUG၊ KNU ၊ CNF ၊ KNPP တို့က ပြောဆိုသည်။

 

ထို့ပြင် မိမိတို့အနေဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုဖြင့် ဖမ်းဝရမ်းထုတ်ခံရမည့် တရားခံအား နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး၊ အလားတူ မြန်မာပြည်သူလူထုအပေါ် ကျူး လွန်သည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများကိုလည်း ဖော်ထုတ်ပြီး နိုင်ငံတကာ ဥပဒေများနှင့်အညီ ICC၊ ICJ စသည့် နိုင်ငံတကာတရားစီရင်ရေးယန္တရားများမှတဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် အစွမ်းကုန်အရှိန်မြှင့် ကြိုးပမ်းအားထုတ် သွားမည်ဖြစ်ကြောင်း အသိပေး ထားသည်။

 

စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကြောင့် နစ်နာခဲ့၊ နစ်နာ နေရ သည့် တိုင်းရင်းသားပြည်သူများနှင့် အနာဂတ်ပြည်ထောင်စုတွင် စစ်တပ်၏ အဖန်တလဲလဲ အာဏာ သိမ်းယူမှုများ မဖြစ်ပေါ်ရေးကိုရည်ရွယ်သည့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ဖော် ဆောင်ရေးတွင် မမှိတ်မသုန်ထားရှိသော ကတိကဝတ်ဖြစ်ပါကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) နှင့် ချင်းအမျိုးသားတပ်ဦး(CNF) တို့က ပူးတွဲထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *