Read Time:59 Second
ကဗျာကဏ္ဍ “လမ်းမှာ ဟူက ရှောင်ရှားကြ”
ပျိုးကြဲလက်
ရထားစက်ခေါင်း ၊ လူမိုက်မောင်းစဉ်
ကြောင်းကျိုးဖွေရှာ ၊ ဦးတည်ရာက
ရှေ့မှာချောက်ထဲ ၊ ကျလုဆဲတည့် ။
နောက်လိုက်တွဲများ ၊ ချိတ်ဆက်ထားက
ရှေ့သွားနောက်လိုက် ၊ ဥပဒ်ခိုက်၍
ဆက်တိုက်ချောက်ထဲ ၊ ကျရမြဲဘိ ။
လမ်းမှားကိုမောင်း ၊ ထိုစက်ခေါင်း၏
ကြောင်းကျိုးကိုလိုက် ၊ ဆက်မမိုက်ဘဲ
စိုက်စိုက်ကိုယ်နှုတ် ၊ ချိတ်ဆက်ဖြုတ်မှ
အဟုတ်ရန်ကွာ ၊ စိတ်ချမ်းသာအံ့ ။
ကြုံဆုံခဏ ၊ လူ့ဘဝ၌
အကြီးအကဲ ၊ လမ်းမှားဆဲတွင်
အမြဲဆင်ခြင် ၊ သတိဝင်၍
စိတ်တွင်ကြံဆ ၊ နည်းလမ်းရလျှင်
အရိုင်းဘဝ ၊ ထောင်လွှားလှတော့
မဆိုင်းမတွ ၊ ရှောင်ရှားကြလော့ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက် နံနက်အစောပိုင်း ၁ နာရီ ၃၁ မိနစ်
Thanlwin Myanmar Mdeia