ပဲခူးရိုးမရှိ ခါချဉ်တောင်ပေါ်တက်လာတဲ့စစ်တပ် စစ်ကြောင်းကို မိုင်း အလုံး ၄၀ ခန့်နဲ့ ဖောက်ခွဲ ပစ် ခတ်တိုက်ခိုက်မှု စစ်သား ၄၀ ခန့်သေဆုံးပြီး သေဆုံးဒဏ်ရာရ စစ်သားအလောင်းတွေကို ကား ၃ စီးနဲ့ သယ်ထုတ်
သံလွင်မြန်မာသတင်း
နိုဝင်ဘာလ ၂၉
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမရှိ ခါချဉ်တောင်ပေါ်ကို တက်လာတဲ့ အကြမ်းဖက် စစ်တပ်စစ် ကြောင်းကို မိုင်း အလုံး ၄၀ ခန့်နဲ့ ဖောက်ခွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ခန့် သေဆုံးပြီး သေဆုံးဒဏ်ရာရ စစ်သားတွေကို ကား ၃ စီးနဲ့ သယ်ထုတ်သွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရပါတယ်။
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၆ နာရီခွဲက မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း-စိန် ကန့်လန့် ရိုးမဖြတ်ကျော်လမ်းအတိုင်း ခါချဥ်တောင်ပေါ်ကို တက်လာတဲ့ အင်အား ၈၀ ခန့်ပါ အကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို ဥတစ်လုံးတောင်အနီးမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာ စစ်ကြောင်းက မိုင်း အလုံး ၄၀ ခန့်နဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက် ခိုက်ခဲ့တာပါ။
အဲဒီ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄၀ ဦး နေရာမှာ ပွဲချင်းပြီး သေဆုံးကာ ၁၅ ဦးထက်မနည်း ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တော်လှန်ရေး တပ်ဖွဲ့တွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ထပ်မံ ပစ်ခတ်ခဲ့ တိုက်ခိုက်ခဲ့ကြောင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ နာရီဝက်ခန့်ဖြစ်ပွားခဲ့ကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
” မိုင်းကွင်းက ၃ တန်းတွဲပါ။ စခ ၈၀ လောက်က မိုင်းရှာနေတုန်း မိုင်းကွင်း ၃ တန်းတွဲလဲရောက် ရော ခွဲလိုက်တာ အဲ့မှာ သေတာတွေ မျက်မြင်ကို ၄၀ သေတယ်။ ၁၅ ဦးလောက်ကလည်း ခြေတွေလက် တွေပြတ်ထွက်ကုန်တာ အကောင်းအတိုင်း ကျန်တာဆိုရင် ၂၀ လောက်ပဲရှိမယ် ၁ တန်းတွဲမှာ မိုင်း အကြီးတင် ၃ လုံးနဲ့ အသေးရောဆို ၁၀ လုံးလောက်ရှိမယ်။ တစ်တန်းကို ၁၀ လုံးကျော်မယ်။ အသေ တွေကို ကား ၃ စီးနဲ့ လာသယ်သွားတာ အလောင်းတချို့တော့ တောထဲတင် ပစ်ခဲ့တယ် သတင်းကြား လို့ ခုအလောင်းတွေရှာနေပါတယ်။ အလောင်းတွေကို ချောက်ထဲပစ်ထားခဲ့တာပါ၊နောက်ပြီး စစ် ရှောင်တဲ ၂ လုံးကို ဖျက်ဆီးသွားတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြား ရေး တာဝန်ခံ ရဲဘော်ဒူးယား က ပြောပါတယ်။
အကြမ်းဖက် စစ်တပ် စစ်ကောင်စီ တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်သလို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ် ကောင်စီ တပ်သားတွေအနီး သွားလာနေထိုင်တာမလုပ်ကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က သတိပေးထားပါတယ်။
Thanlwin Myanmar Media