Poem

0 0
Read Time:45 Second

ကဗျာကဏ္ဍ “ဝရမ်းမောင်”

 

ပျိုးကြဲလက်

 

ဝေဟင်မှာ လေယာဉ်စီးလို့

ယီးလေ့လေ့ သူရဲယောင် ။

 

ပြည်သူကို ရည်ရွယ်မြဲ

ဗုံးကြဲတဲ့မောင် ။

 

ရာဇဝတ်ဘေး မလွတ်ပေါင်

နင့်ခေါင်းဆောင် ကြည့်စမ်း ။

 

ပြည့်အာဏာ တမင်ခိုးတယ်

ကြိုးစင်ကိုလှမ်း ။

 

ခေတ်ပြောင်းအောင် ခေါင်းကိုပစ်တဲ့

လူညစ်တို့ အဖြစ်ကို ။

 

နေညိုညို သံချိုနှောလို့

ပြောပြပါ့ဆို ။

 

ပလ္လင်ထက် ရတက်ပို

ဝဋ်ချိုချို ကြာမှခါး ။

 

အလှည့်ကျ နွဲ့မရတယ်

ဝရမ်းမင်းသား ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက် ည ၁၁ နာရီ ၂၆ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *