Mawaddy News

0 0
Read Time:6 Minute, 11 Second

မြဝတီမြို့သို့ ချီတက်လာသည့် စစ်ကူစစ်ကြောင်းများကို ဖြတ်တောက်၊ ပိတ်ဆို့ တိုက်ခိုက်ကာ မြဝတီမြို့ နှင့် နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေး၊ လူထုဘေးကင်းလုံခြုံရေးအတွက်လုပ် ဆောင်နေကြောင်း KNU ဗဟိုထုတ်ပြန်

 

D Day News

ဧပြီလ ၁၂

 

ကရင်ပြည်နယ်၊ ထိုင်း -မြန်မာ နယ်စပ်၊ မြဝတီမြို့သို့ ချီတက်လာသည့် စစ်ကူစစ်ကြောင်းများကို ဖြတ်တောက်၊ ပိတ်ဆို့ တိုက်ခိုက်ကာ မြဝတီမြို့ နှင့် နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေး၊ လူထု ဘေးကင်းလုံခြုံရေးအတွက်လုပ် ဆောင်နေကြောင်း KNU ဗဟိုထုတ်ပြန်သည်။

 

ဧပြီလ ၅ ရက်နေ့က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံ KNU ဦးဆောင်သော ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ- (KNDO နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့- PDFs များ ပါဝင်သည့် တော်လှန်ရေး တပ်ဖွဲ့များသည် စစ်ကောင်စီ၏ အရှေ့ တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ သင်္ကန်း ညီနောင် စစ်ဗျူဟာအခြေချစခန်းကို လည်း ကောင်း၊ ဧပြီလ ၁၁ ရက်တွင် မြဝတီမြို့ ၌ တပ်စွဲထားသော ခြေလျင် တပ်ရင်း ၂၇၅ ကို လည်း ကောင်း ဝင်ရောက် တိုက်ခိုက်သိမ်းပိုက် ရှင်းလင်းပြီး ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်သိမ်းပိုက်ရှင်းလင်းပြီးသော်လည်း ခလရ ၂၇၅ တပ်ဖွဲ့ဝင် အချို့သည် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အမှတ် ၂ အနီးတဝှိုက်၌ တပ်စွဲပြီး ခိုလှုံလျက်ရှိရာ မြဝတီဒေသ လုံခြုံရေး အတွက် စိတ်ချရသည့် အနေအထားတခုအောက် ရောက်ရှိရေးအတွက် ဆက်လက်လုပ်ဆောင်ရ မည့်ကိစ္စရပ်များ ရှိနေသည့်အတွက် ပြည်သူလူထုအနေဖြင့် လုံခြုံရေး သတိ၊ အသိဖြင့် နေထိုင်သွား လာကြရန် KNU ဗဟိုက တိုက်တွန်းထားသည်။

 

ထို့အပြင် မြဝတီဒေသကို လက်လွတ်မဆုံးရှုံးရေးအတွက် စစ်ကောင်စီမှ စေလွှတ်လိုက်သော စစ်ကူ စစ်ကြောင်း များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်ပိတ်ဆို့၊ ဖြတ်တောက်၊ ဟန့်တား တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

Photo – မြဝတီမြို့တွင်း ကင်းလှည့်နေသော PDF တပ်ဖွဲ့ဝင်များ

မြဝတီဒေသ ကို လုံခြုံရေးအရ စိတ်ချရသည့် အနေအထားအောက်သို့ ရောက်ရှိပါက KNU သည် မြဝတီမြို့ကို ၎င်း ဒေသခံများ၏ ပူးပေါင်းပါဝင်မှုဖြင့် အုပ်ချုပ်ရေးလုပ်ငန်းချမှတ်ခြင်း၊ လူကုန်ကူးမှု၊ တရားမဝင် စီးပွားရေး လုပ်ငန်းများ၊ တားမြစ်ပစ္စည်း ကုန်သွယ်မှုများ ပိတ်ပင်တားဆီးရေးနှင့် မြို့ တည် ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဖော်ဆောင်ခြင်း၊ မရှိမဖြစ်လိုအပ်သော ပြည်သူ့ ဝန်ဆောင်မှုများနှင့် ကုန်စည်စီးဆင်းရေးလုပ်ငန်းများကို စိန်ခေါ်မှုများ ကြားမှဖြစ်နိုင်သည့် အနေ အထားအရ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်းအသိပေးထား သည်။

 

KNU အနေဖြင့် ထိုင်း-ကော်သူးလေနယ်စပ်မျဉ်း၏ နှစ်ဖက်လုံးတွင် နေထိုင်သော ပြည်သူလူထု၏ ဘေးကင်း လုံခြုံရေး၊ နယ်စပ်တည်ငြိမ်ရေးနှင့် လူသားခြင်းစာနာထောက်ထားသည့် အကူအညီများ ရရှိရေး ဆိုင်ရာ ကဏ္ဍများအတွက် အထူးအလေးထား၍ အတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော်မှု လုံခြုံတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ကြိုးစားဆောင်ရွက်ရာတွင် ဒေသတွင်း ဆိုင်ရာ အကောင်းမွန်ဆုံး လုပ်ထုံးလုပ်နည်းများနှင့် လိုက် လျော ညီထွေသော ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ (rules-based) နှင့်အညီ ဆောင်ရွက်နိုင်ရန် နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ ကဏ္ဍအသီးသီး (Cross-Border Activities) အတွက် လိုအပ်သော ပြင်ဆင်မှုများနှင့် စီစဉ်မှုများ ပြုလုပ်နေကြောင်း သဘောထား ရပ်တည်ချက်များကို ထုတ်ပြန်ထား သည်။

 

ထို့အပြင် KNU သည် နယ်စပ်အခြေစိုက် ကရင်အဖွဲ့အစည်းများအပါအဝင် နယ်စပ်မျဉ်း၏ နှစ်ဖက် လုံးတွင်နေထိုင်သော ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြန်လည်တည်ဆောက်နိုင် ရေး အတွက် ထိုင်းနိုင်ငံ အစိုးရနှင့် နယ်စပ်အခြေစိုက် ကရင်အဖွဲ့အစည်းများအပါအဝင် ပြည်တွင်း ပြည်ပ မဟာမိတ် အဖွဲ့အစည်း များ၊ သက်ဆိုင်သူများ အားလုံးနှင့် ချိတ်ဆက်ပြီး အနှစ်သာရရှိသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေး ကြိုးစားလျက်ရှိကြောင် အသိပေးထားသည်။

 

Photo – ထိုင်း -မြန်မာနယ်စပ်အမှတ် ၂ ချစ်ကြည်ရေးတံတားအောက် ခိုလှုံနေသော အကြမ်းဖက်စစ်သားများ

စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့်အာဏာရှင်စနစ်မဆိုကို ဖယ်ရှားပြီး စုံလင်ကွဲပြားမှုများကို အလေးထားသော အားလုံးပါဝင်နိုင်သည့် အရပ်သားဦးဆောင်သည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေးအတွက် အသက်၊သွေး၊ချွေးနှင့် ဘဝများကို ရင်းနှီး ပေးဆပ်ခဲ့ကြသည့် တိုက်ဖော် တိုက် ဖက် တော်လှန်ရေး ရဲဘော်များအားလုံးကို လေးစားဂုဏ်ပြု မှတ်တမ်းတင်အပ်ပြီး KNU အနေဖြင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ ဒီမိုကရေစီ မဟာမိတ်အဖွဲ့များနှင့် အတူတကွ ဆက် လက် တိုက်ပွဲဝင် နေမည်ဖြစ်ကာ ကော်သူးလေ ပြည်သူများနှင့် မြန်မာပြည်သူလူထု တစ်ရပ်လုံး ကလည်း မဆုတ်မနစ် ဆက်လက် ပါဝင်ကာ တိုက်ပွဲဝင် ကြပါရန် တိုက်တွန်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *