ရေစကြိုမြို့နယ်၊ သဲတောကျေးရွာကို လေကြောင်းနဲ့တိုက်ခိုက်ပြီး စစ်ကြောင်း ၃ ခုနဲ့ဝင်ရောက် စီးနင်းတဲ့ စစ်သားတွေကို တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိ
သံလွင်မြန်မာသတင်း
နိုဝင်ဘာလ ၂၇
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာကို လေကြောင်းနဲ့ တိုက်ခိုက်ပြီး စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်ရောက်စီးနင်းတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိ တယ်လို့ Southern YSO PDF တပ်ဖွဲ့ထံက သိရပါတယ်။
နိုဝင်ဘာလ ၂၁ ရက် မနက် ၅ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ရေစကြိုမြို့နယ်၊ သဲတောကျေး ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင် ၃၀၀ ဗုံးသီး ၄ လုံးကျဲချပြီး ပခုက္ကူ တပ်မ ၁၀၁ ကနေ စစ်ကြောင်း ၂ ကြောင်း၊ ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၇ ၊ ၂၅၈ တို့ပူးပေါင်းပြီး စစ်ကြောင်း ၁ ကြောင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာပါ။
“ထိတွေ့တိုက်ပွဲက ၂ ရက် ၂ ကြိမ်ဖြစ်ခဲ့တာ၊ ပခုက္ကူဘက်က စစ်ကြောင်း ၂ ကြောင်းတက်တယ်၊ ရေစကြိုဘက်က တစ်ကြောင်းတက်တယ်။ စုစုပေါင်း ၃ ကြောင်းနဲ့ဝင်စီးတာ၊ လေကြောင်းကနေ ၂ ကြိမ်ကျဲတာ၊ တစ်ကြိမ်ကို ပေါင် ၃၀၀ ဗုံးသီး ၂ လုံးနှုန်းနဲ့ ၂ ကြိမ်ကျဲချပြီးတော့ စစ်ကြောင်း ၃ ကြောင်းက သဲတောရွာကို ဝိုင်းတာ၊ အဲလိုဝိုင်းတဲ့အချိန်မှာ ထိတွေ့တိုက်ပွဲမဖြစ်ခဲ့ဘူး။ အဓိကတော့ ကျေးရွာတွေကို PDF နေလို့အခြေချလို့ ဆိုတဲ့အနေအထားမျိုးနဲ့ဝင်စီးတာ၊ ကျနော်တို့တွေက ကျေး ရွာ တွေကို မှီခိုတာမဟုတ်ဘူး။ ကိုယ့်သာဘာသာကို တခြားနေရာတွေမှာပဲ အခြေချနေကြတာပါ။” ဟု Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် သဲတောကျေးရွာရှိ ပြည် သူ့နေအိမ် အလုံး ၄၀ ကျော် ပျက်စီးခဲ့ပြီး စစ်တပ်စစ်ကြောင်းဝင်ရောက်မှုစီးနင်းမှုကြောင့် ထွက် ပြေးတိမ်းရှောင်ကြသည့် ပြည်သူများကိုလည်း စစ်သားတွေက လိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်သားတွေက ပြည်သူအမျိုးသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ပြည်သူ့ နေအိမ်တွေထဲက တန်ဖိုးရှိပစ္စည်းတွေခိုးယူတာ၊ ဖျက်ဆီးတာတွေ လုပ်ဆောင်သွားတယ်လို့လည်း Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။
သဲတောကျေးကို ဝင်ရောက်စီးနင်းတဲ့အကြမ်းဖက်စစ်သားတွေကို မနက် ၇ နာရီခွဲအချိန် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိခဲ့ တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၂ ရက်နေ့ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာ၊ ကျောက်ထပ်ကျေးရွာဘက်ကို ဆက် လက် စစ်ကြောင်းထိုးလာတဲ့ အတွက် Southern YSO PDF တပ်ဖွဲ့ “နတ်မိချောင်း စစ်ဆင်ရေး”စစ် ကြောင်း၊ BNRA စစ်ကြောင်းနဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက ညနေ ၅ နာရီခွဲအချိန်မှာ လက်နက် ကြီး၊ လက်နက်ငယ်တွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်တာဲ့အတွက် အကြမ်းဖက်စစ်သားတွေ ထိခိုက် သေဆုံးမှုပြီး ထမ်းစင်တွေနဲ့ သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
“အပြန်အလှန် ၆၀ မမတွေနဲ့ပစ်တယ်၊ အနီးကပ်ဝင်လုံးတယ်။ ထိတွေ့တိုက်ပွဲကတော့ ၂ ကြိမ်ဖြစ် တာပေါ့၊ထိတွေ့မှုကတော့ ပြင်းထန်တယ်၊ ပထမထိတွေ့ မှုက PDF စခန်းတစ်ခုကို မီးရှို့နေတဲ့အချိန် မှာ အဲဒီစခန်းထဲကို ၆၀ မမ ကွက်တိပစ်ခတ်နိုင်သလို အနီးကပ်လည်း တိုက်ပွဲဖြစ်ခဲ့တယ်၊ ဒုတိယ နေ့မှာလည်း ဇီးတော၊ ကျောက်ထပ်ဘက်ကို စစ်ကြောင်း တက်လာတာနဲ့ အသင့်စောင့်ကြိုပြီး ပစ် ခတ်ခဲ့တာ၊ ဒဏ်ရာရ သေဆုံးခြင်းကတော့ အတိအကျမသိရဘူး။ ထိတွေ့မှုဖြစ်ပြီးတဲ့နောက်မှာ ထမ်း စင်တွေနဲ့ခေါ်ထုတ်ပြီး နောက်တန်းကို ပို့တယ်လို့ သတင်းရတယ်၊ ကျနော်တို့ရဲဘော်တွေအကုန်လုံး ဘေးကင်းပါတယ်” ဟု Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ရှင်းပြပါတယ်။
Than Lwin Myanmar Media