International News

0 0
Read Time:2 Minute, 59 Second

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် လျှောက်ထားလိုက်ပြီဖြစ်ပြီး မကြာမီ လပိုင်းအတွင်း အဖြေထွက်ရှိလာနိုင်သည်ဟု ICC တရားလိုရှေ့နေ Karim AA. Khan KC ပြောဆို (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၇

 

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် လျှောက်ထားလိုက်ပြီဖြစ်ပြီး မကြာမီ လပိုင်းအတွင်း အဖြေထွက်ရှိလာနိုင်ကြောင်း ICC တရားလို ရှေ့နေ Karim AA. Khan KC က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

 

ဒီနေ့ (နိုဝင်ဘာလ ၂၇ ရက်) နေ့မှာ ICC တရားရုံးတော်ကို လျှောက်လိုက်ခြင်းဖြစ်ပြီး သက်သေအ များ အပြား၊ စာရွက်စာတမ်းအထောက်အထားများ၊ စစ်မှန်သော သိပ္ပံနည်းကျ ဓာတ်ပုံ၊ Video များ အပါအဝင် သက်သေထွက်များ၊ အထောက်အထားများစွာကို အခြေခံကာ လျှောက် ထားလိုက်ခြင်း ဖြစ်ပြီး လိုအပ်သော စစ်ဆေးမှုကို နိုင်ငံတကာ တရားသူကြီးများက ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် နဲ့ ၂၀၁၇ ခုနှစ်တွေအတွင်း မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်စစ်တပ်က စစ် ရာဇဝတ်မှုတွေ ကျူးလွန်တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေရဲ့ အရေး ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ကစတင်ပြီး စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

 

စုံစမ်းစစ်ဆေးမှုအပြီးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲ၊ ရိုဟင်ဂျာမဟုတ်တဲ့ အရပ်သားတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ လူသားမျိုးနွယ်အပေါ်ရာဇဝတ် မှုကျူးလွန်တာ ထင်ရှားတယ်လို့ ICC တရားရုံးက ကောက်ချက်ချတဲ့အတွက် အခုလိုလျှောက်ထား လိုက်တာလို့ ICC တရားလို ရှေ့နေ Karim AA. Khan KC က ပြောပါတယ်။

 

အခုလျှောက်ထားချက်ဟာ အကြမ်းဖက်စစ်ခေါင်းဆောင်တစ်ဦးတည်းကို လျှောက်ထားချက်ဖြစ်ပြီး နောက်ဆက်တွဲ ထပ်တိုးလိုက်လာမှုတွေလည်းရှိလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်မှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးယန္တရားနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့သလို ဘင်္ဂလားဒေ့ရှ်အစိုးရ၊ သက်ဆိုင်ရာ ပြည်နယ်၊ အရပ်ဖက်အဖွဲ့အစည်း၊ နိုင်ငံတကာအဖွဲ့အစည်း၊ ရိုဟင်းဂျာအသိုင်းအဝိုင်းနဲ့ ယုံကြည်စိတ်ချရတဲ့ သက်သေတွေက ပူးပေါင်းပေးခဲ့တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

Than Lwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *