Salin News

0 0
Read Time:1 Minute, 10 Second

စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၁၂

 

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး နယ်ထိန်းရဲတစ်ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၁ ရက် ညနေ ၅ နာရီ ၃၇ မိနစ်က စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို လက်နက် ကြီးလက်နက်ငယ်များဖြင့် လျှပ်တပြက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး နယ်ထိန်းရဲဖြစ်သူ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။

 

https://youtu.be/YzoTYMzgzts

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း ၊ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့(ပကဖ-စလင်း) နှင့် ဒေါင်းစစ်အောင်-LPDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *