Mandalay News

0 0
Read Time:2 Minute, 42 Second

ငါ့သရောက်မြို့ရှိ စစ်တပ်ထောက်တိုင် EPC ရုံးအပါအဝင် ရုံး ၄ ရုံးကို တိုက်ခိုက်မီးရှို့ဖျက်ဆီး ရဲစခန်း မှ ရဲတွေထွက်လာရဲခြင်းမရှိ

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၆

 

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ရှိ စစ်တပ်ထောက်တိုင် EPC ရုံး၊ ဆောက်လုပ်ရေးရုံး၊ ပြန်ကြားရေးရုံးနဲ့ ဆက်သွယ်ရေးရုံးတွေကို  ဝင်ရောက်စီးနင်းသိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သော် လည်း အနီးရှိရဲစခန်းက ရဲတွေထွက်မလာရဲခဲ့ဘူးလို့ ညောင်ဦးမြို့နယ်ပကဖ တာဝန်ခံ ကိုဇီးက သံလွင်မြန် မာသတင်းဌာနကို ပြောပါတယ်။

 

မနေ့က (နိုဝင်ဘာလ ၂၅ ရက်) မနက်ပိုင်းက ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ပေါ်ရှိ အကြမ်းဖက်စစ် တပ်ထောက်တိုင် EPC ရုံး၊ ဆောက်လုပ်ရေးရုံး၊ ပြန်ကြားရေးရုံးနဲ့ ဆက်သွယ်ရေးရုံးတွေကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက  ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ၊ ထောက်တိုင်များအားလုံး ပြန်လည် ပစ်ခတ်ခြင်းမရှိပဲ ထွက် ပြေးသွားကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အနီးအနားမှာရှိတဲ့ ငါ့သရောက်ရဲစခန်းက ရဲတွေလည်း ထွက်လာရဲတာမရှိခဲ့တဲ့ အတွက် အဲဒီ ရုံး ၄ လုံးစလုံးကို အေးအေးဆေးဆေး မီးရှို့ဖျက်ဆီးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

“မနေ့က မနက်ပိုင်းမှာ ဝင်စီးခဲ့တာ၊ စဝင်ပစ်ပစ်ချင်းပဲ စကစတွေ အကုန်ထွက်ပြေးသွားတာ၊ ပြန် လည်ပစ်ခတ်တာမျိုးမရှိပါဘူး၊ ပစ္စည်း တွေ၊ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တာ မရှိဘူး။ ၄ နေရာ လုံးကို အကုန်မီးရှို့နိုင်ခဲ့တယ်။ ငါ့သရောက် ရဲစခန်းက စခတွေ ထွက်မလာရဲဘူး၊ ပါဝင်ကူညီပေးတဲ့ မြင်းခြံခရိုင် တပ်ရင်း ၃ နဲ့ တောင်သာမြို့နယ် ပကဖကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်” လို့ ညောင်ဦးမြို့နယ်ပကဖ တာဝန်ခံ ကိုဇီးက ပြောပါတယ်။

 

အဲဒီ စစ်ဆင်ရေးကို ညောင်ဦးမြို့နယ် ပကဖ (ပုဂံပြည်ဘီလူးတပ်) ၊ တောင်သာမြို့နယ် ပကဖ၊ ညောင်ဦးခရိုင်အမှတ် ၅ တပ်ရင်း၊ မြင်းခြံခရိုင် တပ်ရင်း ၃ ၊ Popa Production and Guerrila Force၊ 21 Bagan (ညောင်ဦးပကဖ တပ်ခွဲ – ၃) ဗိုလ်လက်ယာအဖွဲ့နဲ့ အခြားမဟာမိတ်ညီနောင်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Than Lwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *