Shan State News

0 0
Read Time:3 Minute, 32 Second

မိုင်းကိုင်မြို့နယ်၊ ပန်းပွဲကျေးရွာအနီးရှိ SSPP/SSA စခန်း ၂ ခုကို RCSS တပ်ဖွဲ့က စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်စီးနင်းဖျက်ဆီးပြီး ကျေးရွာကော်မတီဝင်တစ်ဦးကို ပစ်သတ်ကာ SSPP/SSA တပ်ဖွဲ့ဝင် ၈ ဦးနှင့် ပြည်သူတစ်ဦးကို ဖမ်းဆီး

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၆

 

ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်၊ ပန်းပွဲကျေးရွာအနီးရှိ SSPP/SSA စခန်း ၂ ခုကို RCSS တပ်ဖွဲ့က စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်စီးနင်းဖျက်ဆီးပြီး ကျေးရွာကော်မတီဝင်တစ်ဦးကို ပစ် သတ်ကာ SSPP/SSA တပ်ဖွဲ့ဝင် ၈ ဦးနှင့် ပြည်သူတစ်ဦးကို ဖမ်းဆီးသွားကြောင်း SSPP/SSA က ထုတ်ပြန်ထားပါတယ်။

 

မနေ့က နိုဝင်ဘာလ ၂၅ ရက် မနက် ၅ နာရီခွဲက မိုင်းကိုင်မြို့နယ်၊ ပန်းပွဲကျေးရွာအနီးရှိ SSPP/SSA တပ်စခန်းငယ် ၂ ခုကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့က အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲကာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း၊ SSPP/SSA တပ်သား ၄ ဦး ကို ဖမ်းဆီးကာ စခန်းသုံး မော်တော်ဆိုင်ကယ် ၄ စီး ၊ ကားတစ်စီး အပါ အဝင် စခန်းများကို မီးရှို့ ဖျက်စီးခဲ့ကြောင်း SSPP/SSA ရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျန်ရှိတဲ့ RCSS စစ်ကြောင်းတစ်ကြောင်းကလည်း ပန်ပွဲကျေးရွာအတွင်းရှိ ရွာကော်မတီဝင် တစ်ဦး၏ နေအိမ်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်စီးနင်းကာ နေအိမ် အတွင်းရှိ အဖိုးတန် ရွှေငွေ ပစ္စည်းတွေ မွှေနှောက်ယူဆောင်ကာ အိမ်ရှင်ဖြစ်သူ ဦးကန်ခမ်းကိုလည်း လူသားမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့တာအပြင် နေအိမ်ကိုပါ မီးရှို့ဖျက်စီးသွားတယ်လို့ SSPP/SSA က ပြောဆိုထားပါတယ်။

 

ပန်ပွဲကျေးရွာအတွင်းရှိ နောက်ထပ် SSPP/SSA တပ်ဖွဲ့ဝင် ၄ ဦးနဲ့ ကျေးရွာနေပြည်သူ ၁ ဦးကိုလည်း ထပ်မံ ဖမ်းစီး ခေါ်ဆောင်သွားကာ ပန်ပွဲကျေးရွာအနောက်ဖက်ရှိ ပြည်သူ ဒေါ်ရွှေယိင်း၏ ကုန်စုံဆိုင် ကိုလည်း RCSS တပ်ဖွဲ့ဝင်တွေက ဝင်ရောက်မွှေနှောက် ဖျက်စီးကာ ဆိုင်အတွင်းရှိ စားသောက် ဖွယ်ရာကုန်ပစ္စည်းတွေနဲ့ ရွှေငွေတွေကိုလည်း ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

 

ရှမ်းတပ်နှစ်ဖွဲ့ ပေါင်းစည်းနိုင်ရေးအတွက် ရှေးရှုပြီး SSPP/SSA တပ်ဖွဲ့က နှစ်ဖက်တိုက်ပွဲတွေ မဖြစ်ပွားစေဖို့ ထိန်းသိမ်းခဲ့တာကို RCSS တပ်ဖွဲ့က အခွင့်ကောင်းအဖြစ် အသုံးချကာ ယခုကဲ့သို့ တပ်စခန်းတွေ ၊ တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေကို တိုက်ခိုက် သတ်ဖြတ် ဖမ်းဆီးခဲ့တာလို့  SSPP/SSA က ထုတ်ပြန်ထားပါတယ်။

 

အဲဒီကိစ္စနဲ့ပတ်သက်လို့ RCSS/SSA တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက မြေပြင်သတင်း မသိရသေးသလို SSPP/SSA တပ်ဖွဲ့က ထုတ်ပြန်ထားတာကိုလည်း ဖတ်ရှုရခြင်းမရှိသေးတဲ့ အတွက် သတင်းမှားလား၊ မှန်လား မသိရသေးသလို ဘယ်လိုဆက်လက်လုပ်ဆောင်ရမယ်ဆိုတာကိုလည်း ပြောပြလို့ မရသေးဘူးလို့ မနေ့က ညပိုင်းက ဖြေကြားထားပါတယ်။

Than Lwin Myanmar

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *