မတ္တရာ – စဉ့်ကူး -သပိတ်ကျင်းလမ်းပိုင်းတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာသဖြင့် ခရီးသွားလာခွင့် ပိတ်ပင်
သံလွင်မြန်မာသတင်း
နိုဝင်ဘာလ ၂၅
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တို့မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလို့ မတ္တရာ -စဉ့်ကူး -သပိတ်ကျင်းလမ်းပိုင်းကို ခရီးသွားလာခွင့်ပိတ်လိုက်တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၂၆ ရက်နေ့ကစလို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ဖွဲ့ ထိန်းချုပ် စိုးမိုးရာ ဒေသဖြစ်တဲ့ “မတ္တရာ ၊ စဉ့်ကူး ၊ သပိတ်ကျင်း လမ်းပိုင်းတွေကိ ခရီးသွားခြင်း မပြုလုပ်ကြဖို့ ယာယီစတင် ကန့်သတ်လိုက်တာဖြစ်ပါတယ်။
အဲဒီထုတ်ပြန်ချက်ကိုတော့ နောက်ထပ်တစ်စုံတစ်ရာ ထုတ်ပြန်မှု မလုပ်မချင်း အတည်ဖြစ်တယ်လို့ လည်း ဆက်လက် ပြောဆိုထားပါတယ်။
“မတ္တရာမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ပြန်ဖြစ်ပွားနေတဲ့ အတွက် ဒီလမ်းပိုင်းအသုံးပြုခွင့်ကို စတင်ကန့်သတ်တာဖြစ်ပါတယ်။ အဓိကတော့ ခရီးသွားပြည်သူတွေရဲ့ လုံခြုံရေးကြောင့်မို့ဖြစ်ပါတယ်။ တိုက်ပွဲပြင်းထန်မှုအခြေအနေပေါ်မူတည်ပြီးတော့ ပြန်လည်ဖြေ လျော့ပေးတာ သို့မဟုတ် လုံးဝပိတ်ပင်တာမျိုးလည်း ရှိနိုင်ပါတယ်” ဟု မန္တလေး PDF ပြောရေးဆိုခွင့် ရှိသူ ကိုအော်စမွန်က ရှင်းပြပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)တပ်ဖွဲ့ ထိန်းချုပ်စိုးမိုးဒေသတွေမှာ အကြမ်း ဖက် စစ်တပ်ရဲ့ ထုတ်ကုန် ပစ္စည်းတွေ တင်သွင်းတာ ၊ ရောင်းဝယ်ဖောက်ကားတာနဲ့ အသုံးပြုုတာ တွေကိုလည်း စစ်ဆေးတွေ့ရှိပါက ပြင်းထန်စွာအရေးယူသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Than Lwin Myanmar Media