Sagaing News

0 0
Read Time:3 Minute, 8 Second

ဗောဓိတစ်ထောင်မှ ဒဏ်ရာရ စစ်သားများသယ်သောကားနဲ့ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်မှု စစ်သားများထိခိုက်သေဆုံးမှုရှိပြီး ကားတစ်စီးပျက်စီး

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၅

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဗောဓိတစ်ထောင်ဘုရားဘက်မှ ဒဏ်ရာရ စစ်သားတွေ သယ်လာသော ကားနဲ့ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ကားတစ်စီး ပျက်စီးခဲ့တယ်လို့ Area 71 PDF Monywa တပ်ဖွဲ့ထံက သိရပါတယ်။

 

နိုဝင်ဘာလ ၁၉ ရက်နေ့က မုံရွာမြို့နယ်၊ နိဗ္ဗာန်ဝကျေးရွာဘက်နေ ရွှေမြင်တင်တောင်ကို တက်လာ တဲ့အ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူပြီး ဗောဓိတစ်ထောင် ဘုရားနဲ့ ခတက္ကန်ကျေးရွာတို့ဘက်ကို ဆက်လက်စစ်ကြေင်း ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအကြမ်းဖက် စစ်တပ်က စစ်ကြောင်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ အ တွက် ထိခိုက်ဒဏ်ရာရ စစ်သားတွေကို နိုဝင်ဘာလ ၂၂ ရက်နေ့မှာ မုံရွာမြို့အခြေစိုက် နမခ တပ်ထဲ ကနေ သံပြားကာ ကား တစ်စီးနဲ့ ဗောဓိတစ်ထောင်ဘုရားအထိ လာရောက်သယ်ဆောင်ခဲ့ပါတယ်။

 

ဗောဓိတစ်ထောင်ဘုရားကနေ ဒဏ်ရာရ စစ်သားတွေသယ်ဆောင်လာတဲ့ကားကို မိုးညှင်း – ဗောဓိ တစ်ထောင် လမ်းပိုင်းတနေရာမှာ ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝွေက ပဒေသာမိုင်း ၄ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားအင်ဂျင်ပွင့်ထွက် ပျက်စီးသွားတယ်လို့ Area 71 PDF Monywa က ပြောပါတယ်။

 

နိုဝင်ဘာလ ၂၃ ရက်နေ့မှာလည်း ဗောဓိတစ်ထောင်နဲ့ ခတက္ကန်တောင်ရွာကို ရောက်နေတဲ့ အကြမ်း ဖက်စစ်သားတွေဟာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကို ယာခင်းတွေထဲဖြတ်လာခဲ့တဲ့ အတွက် ဗောဓိတစ်ထောင်နဲ့ တောင်မတောရွာလမ်းပိုင်းတနေရာ အရောက်မှာ တော်လှန်ရေး တပ်ဖွဲ့တွေက ပဒေသာမိုင်း ၆ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

 

အဲဒီတိုက်ခိုက်မှုမှာတော့ ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားတွေ အနီးအနားမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်သားတွေ ကစဉ့်ကလျားထွက်ပြေးသွားတယ်လို့ သိရပါတယ်။

 

အဲဒီ တိုက်ခိုက်မှုတွေကို Area71 PDF Monywa အဖွဲ့ ၊ မုံရွာမြို့နယ် ပကဖ ဖောက်ခွဲရေးအဖွဲ့နဲ့ မုံရွာ မြို့နယ် တိုက်နယ် ၄ ပလဖ. အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

သံလွင်မြန်မာသတင်းဌာန

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *