အကြမ်းဖက် စစ်အုပ်စုအား ILO ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၃၃ နှင့်အညီ အရေးယူရန် ဆုံးဖြတ် ခဲ့မှုအပေါ် NUG အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့က ဝမ်းမြောက် စွာကြိုဆို
သံလွင်မြန်မာ
နိုဝင်ဘာလ ၂၄
အကြမ်းဖက်စစ်အုပ်စုအပေါ် ILO ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၃ နှင့်အညီ အရေးယူရန် ဆုံးဖြတ်ခဲ့ မှုအပေါ် NUG အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့က ဝမ်းမြောက် စွာကြိုဆိုကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။
မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးနှင့် အခြေခံအခွင့်အရေးများကို လေးစား လိုက်နာရေးတို့အတွက် ၂၀၂၁ ခုနှစ်၊ ၁၀၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာ ညီလာခံ၏ ဆုံးဖြတ်ချက်နှင့် အခြေခံအလုပ်သမား အခွင့်အရေး၊ လူ့အခွင့် အရေးချိုးဖောက် မှုများ (အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မဖြစ်မနေ လိုက်နာရန် လိုအပ် သည့် ILO ၏ အခြေ ခံပြဋ္ဌာန်းချက်များအနက် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စုဝေးတောင်း ဆိုခွင့်ဆိုင်ရာ ပြဋ္ဌာန်း ချက်အမှတ် ၈၇ (၁၉၄၈)နှင့် အဓမ္မလုပ်အားခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် ၂၉ (၁၉၃၀) ကို ချိုးဖောက်မှုများ)အတွက် ILO စုံစမ်းစစ်ဆေးရေးကော်မရှင် (COI) က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တင်သွင်းခဲ့သည့် အစီရင်ခံစာပါ တိုက်တွန်းချက်များကို မြန်မာ စစ်အုပ်စုအနေဖြင့် လိုက်နာရန် ပျက် ကွက်ပြီး ဆက်လက်ကျူးလွန်နေမှုများနှင့်စပ်လျဉ်း၍ ၃၅၂ ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့ (ILO Governing Body) အစည်းအဝေးက ILO အနေဖြင့် နည်းပညာရပ်ဆိုင်ရာ ပံ့ပိုးကူညီမှုများနှင့် ပူး ပေါင်းဆောင်ရွက်မှုများ မပြုရန်နှင့် စစ်အုပ်စုအား ILO ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၃၃ နှင့်အညီ အရေးယူရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆုံးဖြတ်ခဲ့မှု အပေါ် NUG အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ဝမ်းမြောက်စွာကြိုဆိုပါကြောင်း၊ အကြမ်းဖက်စစ်အုပ်စုအား ထိရောက် သည့် အပြစ်ပေး အရေးယူမှုများ အမြန်ဆုံးပြုလုပ်နိုင်ရေး သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ နှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်သည့် သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် လာ မည့် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည့် ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေး ရာ ညီလာခံတွင် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ILO သုံးပွင့်ဆိုင်ယန္တရား၌ တရားဝင် ပူးပေါင်းဆောင် ရွက်ခွင့် ရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဆက်လက်ပြောဆိုသည်။
သို့ဖြစ်ပါ၍ အဖွဲ့ဝင်နိုင်ငံများ၏ အခြေခံအလုပ်သမားအခွင့်အရေးကို အစဉ်အလေးထား သော ILO အဖွဲ့နှင့် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ဒီမိုကရေစီရေး လိုလားသော ILO အဖွဲ့ဝင် နိုင်ငံများ၊ နိုင်ငံတ ကာအလုပ်သမားသမဂ္ဂများနှင့် အလုပ်ရှင်အဖွဲ့အစည်းများအနေဖြင့် မြန်မာ ပြည်သူများ ဆုံးရှုံးလျက် ရှိသည့် အခြေခံအလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးများကို အမြန်ဆုံး ပြန်လည်ဆောင်ကျဉ်း ပေးနိုင်ရေးအတွက် မြန်မာပြည်သူများကို အမှန်တကယ် ကိုယ်စားပြု သည့် အမျိုးသားညီညွတ်ရေး အစိုးရ၊ သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့နှင့် လက်တွဲပူးပေါင်းဆောင် ရွက်ကြရန် တိုက်တွန်းထား သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနဦးဆောင်သည့် အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမား သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့သည် အခြေခံအလုပ်သမား အခွင့်အရေး၊ လုပ်ငန်းခွင် ဆက်ဆံ ရေးနှင့် အလုပ်သမားရေးရာစံနှုန်းများ မြှင့်တင်ရေးတို့အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေး ရာအဖွဲ့ (ILO) ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်း ထားရှိပြီး မြန်မာနိုင်ငံ တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့အကြမ်းဖက်စစ်တပ်က နိုင်ငံတော်၏ အချုပ်အခြာအာ ဏာကို လုယူခဲ့ပြီးနောက် ပြည်တွင်း၊ ပြည်ပရှိ မြန်မာအလုပ်သမား ထုအပါအဝင် ပြည်သူတစ်ရပ်လုံး ဆုံးရှုံးသွားသည့် အခြေခံ အခွင့်အရေးများ ပြန်လည်ရရှိရေး၊ အခွင့်အရေးချိုးဖောက်၊ ကျူးလွန်လျက် ရှိသည့် မြန်မာစစ်အုပ်စုအား ILO အပါအဝင် နိုင်ငံတကာက ထိရောက်စွာ အပြစ်ပေးအရေးယူရေး၊ အမျိုးသားညီညွတ်ရေးအစိုးရဦးဆောင်သည့် သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့အား ILO မှ ထောက်ခံ အသိအမှတ်ပြုခြင်းဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အား တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမှု ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် အထူးကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
သံလွင်မြန်မာသတင်းဌာန