Bago News

0 0
Read Time:1 Minute, 41 Second

ကြို့ပင်ကောက်မြို့နယ်မှာ စစ်တပ်အတွင်းအတင်းအဓမ္မစစ်မှုထမ်းစေခိုင်းဖို့ ပေါ်တာဆွဲဖမ်းဆီးနေ သူ ပျူတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

 

သံလွင်မြန်မာသတင်းဌာန

နိုဝင်ဘာလ ၂၄

 

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့မှာ စစ်မှုထမ်းစေခိုင်းဖို့ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ ပျူ တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ Dragon Brothers (GBK-PDF) ထံက နေ သိရပါတယ်။

 

မနေ့က နိုဝင်ဘာလ ၂၃ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်မှာ ကြို့ပင်ကောက်မြို့နယ်၊ ဒေါင်းလူးရွာအနီး မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ အဓိကပါဝင်ခဲ့သူ ပျူသင်တန်း အပတ်စဉ် ၁ သင်တန်း ဆင်း ထွန်းမင်းစိုးကို Dragon Brothers (GBK-PDF) အဖွဲ့က တော်လှန်ရေး ရဲဘော်တွေက ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသွားသော ထွန်းမင်းစိုးဟာ အကြမ်းဖက် စစ်တပ်နဲ့ ပူးပေါင်းပြီး ပြည်သူတွေရဲ့ ဆိုင်ကယ်တွေ ကို ဖမ်းဆီးတာ၊ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်း လူငယ်တွေကို ပေါ်တာဆွဲတာတွေကို အဓက လုပ် ဆောင်နေသူဖြစ်တယ်လို့  Dragon Brothers (GBK-PDF) က ပြောပါတယ်။

 

ဒါ့အပြင် သူတောင်းစားပုံစံ၊ အမှိုက်ကောက်သမားပုံသဏ္ဍာန် အသွင်ယူပြီး လိုက်လံ PDF တပ်ဖွဲ့ တွေရဲ့ သတင်းကို ထောက်လှမ်းကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေထံ ပေးပို့ နေသူ လည်းဖြစ်တယ်လို့ ဆက်လက်ပြောဆိုထားပါတယ်။

သံလွင်မြန်မာသတင်းဌာန

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *