ပုဇွန်တောင်၊ ရေကျော်ဈေးပြန်စနေပြီး စစ်တပ်က ကင်းပုန်းများ အများအပြား ချထားကာ ဗုံးခွဲ၍ တော်လှန်ရေးအင်အားစုများကို အပြစ်ပုံချနိုင်ဟု သတိပေး
သံလွင်မြန်မာ
နိုဝင်ဘာလ ၂၃
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော်ဈေးပွဲတော် ပြုလုပ်နေပြီး စစ်တပ်က ကင်းပုန်းအများ အပြား ချထားကာ ဗုံးခွဲ၍ တော်လှန်ရေးအင်အားစုများကို အပြစ်ပုံချနိုင်ကြောင်း မြောက်ဥက္ကလာပ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မနေ့က နိုဝင်ဘာလ ၂၂ ရက် ညပိုင်းကစလို့ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော်ဈေးပွဲတော် ပြန်လည်ကျင်းပပြုလုပ်လျက်ရှိရာ သိမ်ဖြူလမ်းထောင်မှ ဗိုလ်ချုပ်အောင်ဆန်းလမ်းမအထိ အကြမ်း ဖက်စစ် ကောင်စီတပ်သား အရပ်ဝတ်ထောက်လှမ်းရေးတွေ၊ ကင်းပုန်းတွေ အများအပြားချထား တယ်လို့ ဆိုပါတယ်။
“ရန်ကုန်မြို့မှာရှိတဲ့ မည်သည့်တော်လှန်ရေးအင်အားစုတွေကမှ ပြည်သူလူထု ထိခိုက်အောင် မလုပ် ပါဘူး။ ကျနော်တို့ NUG ၊ MOD အောက်ကနေသွားနေတဲ့ တော်လှန်ရေးအင်အားစုတွေကိုလည်း ပြည်သူလူထုများပြားတဲ့နေရာတွေ၊ ပြည်သူလူထုထိခိုက်နစ်နာစေမယ့် နေရာတွေမှာ မလုပ်ဖို့ အရင် ကတည်းက ညွှန်ကြားထားတာရှိပါတယ်။ ပြည်သူလူထုထိခိုက်မယ့် မည်သည့်အလုပ်မျိုးကိုမှ မလုပ် ပါဘူး။ လုပ်ရင်လည်း အကြမ်းဖက်စစ်တပ်ကသာလုပ်ပါလိမ့်မယ်။ ကျနော်တိုထုတ်ပြန်လိုက်တာက လည်း ပြည်သူလူထုအသွားအလာဆင်ခြင်ကြဖို့ ထုတ်ပြန်လိုက်တာပါ” ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိတဲ့ ပုဇွန်တောင် ရေကျော်ပွဲစျေးပွဲတော်ကို ၂၀၂၀ ခုနှစ် ကိုဗစ်ကာလက နေ စတင် ပိတ်သိမ်းခဲ့ရာ အခုနှစ်မှ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ပြန်လည် ကျင်းပခြင်း ဖြစ်ပါတယ်။
ရေကျော်ပွဲစျေးကို နိုဝင်ဘာလ ၂၂ ရက်နေ့ကနေ နိုဝင်ဘာလ ၂၆ ရက်နေ့အထိ ၅ ရက်တာ ကျင်းပ သွားမှာဖြစ်ပြီး မိဘပြည်သူလူထုတွေအနေနဲ့ အသွားအလာဆင်ခြင်ကြဖို့ မြောက်ဥက္ကလာမြို့နယ် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ က သတိပေးတိုက်တွန်းထားပါတယ်။
D Day News