0
0
Read Time:54 Second
ကဗျာ ကဏ္ဍ “အတုံ့အလှည့်”
ပျိုးကြဲလက်
ပြည်သူကို ရန်ပြုလို့
အံတုတဲ့ သူပါ
ကံနုလို့ ရောင်ချာချာနယ်
ဦးဆောင်ရာ ညံ့ဖျင်း ။
ခိုးစားဖို့ ကြံရွယ်ရင်
ရန်စွယ်ပင် တိုးလို့ခံပြင်း ။
ပြည်သူက ခံသာလျှင်
ပြန်တရာ နှိမ်နင်း ။
မဲမဲမြင် ပစ်ခွင်းပါ့
စစ်ခင်းက ဘေးလူ ။
အာကာယံ တိမ်ဖျားက
ဗုံးသီးများ ကြဲနိုင်သူ ။
ပေါက်ဖော်နဲ့ ကြံတူတယ်
ရုရှားဖြူ လူရင်းပါ့
သူယုတ်ချင်း မျက်နှာဆိုင်
အုပ်ချုပ်ဖို့ပြိုင် ။
တော်လှန်လို့ တကယ်နိုင်ရင်
မျက်ရည်ခိုင်ခိုင် ရှိစေကွယ့်လေး ။
ပျိူးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ ၂၂ ရက် ညနေ ၅ နာရီ မိနစ် ၄၀
D Day News