တောင်ဥက္ကလာပမြို့နယ်၊ ငွေတောင်စားသောက်ဆိုင်ဘေးရှိ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်မှု ထိခိုက်မှုရှိနိုင်
D Day News
နိုဝင်ဘာလ ၂၂
ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ငွေတောင်စားသောက်ဆိုင်ဘေးရှိ အမှတ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက် ည ၉ နာရီတွင် တောင်ဥကလာပမြို့နယ် ၊ ငွေတောင်စား သောက် ဆိုင် ဘေးရှိ အမှတ် ၁၄ ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဗုံး ၂ လုံးစလုံး ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးများ၊ ဆယ် အိမ်မှူး များ၊ ရဲများ ထိခိုက်မှုရှိနိုင်ကြောင်း သိရသည်။
“၂ လုံးစလုံးပေါက်ကွဲတဲ့အတွက် ထိခိုက်မှုရှိနိုင်တယ်။ နှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲတဲ့ အသံအကျယ် ကြီးကိုလည်း ပြည်သူတွေက ကြားသိကြတယ်။ နောက်ဆက်တွဲတော့ မသိရသေးဘူး။ အဲဒီရုံး က ငွေ တောင်စားသောက်ဆိုင်ဘေးမှာရှိတာပါ။ ရဲဘော်တွေအားလုံး ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန် အရှေ့ပိုင်းခရိုင် မြောက်ဥကလာပမြို့နယ်(ပကဖ) ရဲဘော်များက ၂၀၂၃ ခုနှစ်တွင် မစ်ရှင်းလုပ်ဆောင်ရင်း ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများ၏ ဖမ်းဆီးသတ် ဖြတ်ခြင်းခံလိုက်ရသော ရဲဘော် ချောကလက် (ခ) သာဒင်အတွက် လက်စားချေတုန့်ပြန်သည့် အနေ ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
D Day News