ပွင့်ဖြူမြို့နယ်၊ ဆင်လူးရွာ စစ်တပ်ဂိတ်နဲ့ ပျူအထိုင်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၂ ဦးသေဆုံး
D Day News
နိုဝင်ဘာလ ၂၁
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူရွာ စစ်တပ်ဂိတ်နဲ့ ပျူအထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မှာ စစ်သား၊ ပျူ ၂ ဦးသေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းထံက သိရပါတယ်။
နိုဝင်ဘာလ ၁၈ ရက်နေ့က ပွင့်ဖြူမြို့နယ်၊ ဆင်းလူးရွာရှိ အကြမ်းဖက်စစ်တပ် ဂိတ်နဲ့ ပျူအထိုင်စခန်း ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်သားတစ်ယောက်နဲ့ ပျူတစ်ယောက်သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကိုတော့ မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းနဲ့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒရုန်းလက်ရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းက ပြောပါတယ်။
မိဘပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်တပ် ဂိတ်စခန်း၊ ထောက်တိုင်တွေနဲ့ ဝေးဝေးနေကြဖို့၊ အ ကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်သား၊ ပျူတွေအနေနဲ့လည်း အသိအမြင်မှန်ရပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ လာရောက်ပူးပေါင်းကြဖို့ မေတ္တာရပ်ခံထားပါတယ်။
D Day News