စစ်တပ်၏ လေကြောင်း၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ၄ လအတွင်း ကလေးငယ် ၄၉ ဦးအပါအဝင် ၅၄၃ ဦး သေဆုံးပြီး ၈၂၇ ဦးဒဏ်ရာရ
D Day News
နိုဝင်ဘာလ ၂၁
အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ၄ လအတွင်း ကလေးငယ် ၄၉ ဦးအပါအဝင် ၅၄၃ ဦးသေဆုံးပြီး ၈၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ် ရှားမှုအဖွဲ့၏ လေကြောင်း တိုက်ခိုက်မှုများကို ဆန်းစစ်ခြင်း အစီရင်ခံစာအရ သိရသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၄ လအတွင်း အကြမ်းဖက်စစ်တပ် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၁၂၁၀ ကြိမ်၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ၉၈ ကြိမ်လုပ်ဆောင်ခဲ့ရာ က လေးငယ် ၄၉ ဦးနှင့် အမျိုးသမီး ၉၆ ဦးအပါအဝင် စုစုပေါင်း ပြည်သူ ၅၄၃ ဦး သေဆုံးခဲ့ပြီး ၈၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြည်သူ့ နေအိမ် ၆၃၃ လုံး၊ ဆေးရုံ ဆေးခန်း ၁၁ ခု၊ စစ်ရှောင်စခန်း ၂ ခု၊ ဘာသာရေး အ ဆောက်အအုံ ၇၉ ခု၊ စီးပွားရေးနှင့် ဆိုင်သော အဆောက်အအုံ ၄၃၄ ခု၊ အချုပ်ထောင် ၂ ခု၊ စာသင် ကျောင်း ၂၆ ကျောင်း၊ UN ရုံး ၁ ရုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်သည် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂၀ ကြိမ်အထိကျူး လွန်ခဲ့ပြီး ကလေးငယ် ၁၅ ဦးနှင့် အမျိုးသမီး ၂၀ ဦးအပါအဝင် ၁၂၇ ဦး သေဆုံးကာ ဒဏ်ရာရသူ ၂၀၁ ဦး ရှိခဲ့ကြောင်း၊ ဇူလိုင်လတွင် လေကြောင်းတိုက်ခိုက်မှု ၃၀၆ ကြိမ် လုပ်ဆောင်ခဲ့ပြီး ကလေး ၉ ဦး အမျိုးသမီး ၁၀ ဦအးပါအဝင် သေဆုံးသူ ၇၇ ဦးနှင့် ဒဏ်ရာရသူ ၉၃ ဦးအထိ ရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဩဂုတ်လတွင် လေကြောင်းတိုက်ခိုက်မှု ၄၂၉ ကြိမ် ကျူးလွန်ခဲ့ပြီး ကလေး ၉ ဦးနှင့် အမျိုး သ မီး ၂၅ ဦးအပါအဝင် သေဆုံးသူ ၁၂၀ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၁၈၄ ဦးအထိရှိခဲ့ကြောင်း၊ စက်တင်ဘာလ တွင် လေကြောင်းတိုက်ခိုက်မှုပေါင်း ၃၅၅ ကြိမ် ကျူးလွန်ခဲ့ပြီး ကလေး ၁၆ ဦးနှင့် အမျိုးသမီး ၄၁ ဦး အပါအဝင် သေဆုံးသူပေါင်း ၂၁၉ ဦးရှိကာ ဒဏ်ရာရသူ ၃၄၉ ဦးအထိ ရှိခဲ့ကြောင်း သိရှိရသည်။
ယင်းကာလများအတွင်း အကြမ်းဖက်စစ်တပ်၏ ဒရုန်းအသုံးပြုတိုက်ခိုက်မှုပေါင်း ၉၈ ကြိမ်ရှိခဲ့ပြီး က လေး ၁ ဦး အမျိုးသမီး ၂၂ ဦးအပါအဝင် ၃၈ ဦး သေဆုံးကာ ၇၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ အပြင် နေအိမ် ၃၂ လုံး၊ ဆေးရုံ ဆေးခန်း ၂ ခု၊ ဘာသာရေးအဆောက်အအုံ ၅ ခု နှင့်စာသင်ကျောင်း ၁ ကျောင်းလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လေကြောင်းဖြင့် တိုက်ခိုက်မှုများမှာ ရှမ်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၄၂၉ ကြိမ်၊ မန္တလေးတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၃၅ ကြိမ်၊ ရခိုင်ပြည်နယ်တွင် ၁၈၉ ကြိမ်၊ စစ်ကိုင်းတိုင်းတွင် ၁၇၇ ကြိမ်၊ ကချင်ပြည်နယ်တွင် ၄၆ ကြိမ်၊ မကွေးတိုင်းတွင် ၅၃ ကြိမ်၊ ချင်း ပြည် နယ်တွင် ၃၅ ကြိမ်၊ ကယားပြည်နယ် ၆ ကြိမ်၊ ကရင်ပြည်နယ် ၁၄ ကြိမ်၊ တနင်္သာရီတိုင်း တွင် ၂၄ ကြိမ်၊ ပဲခူးတိုင်းတွင် ၁ ကြိမ် နှင့် မွန်ပြည်နယ်တွင် ၁ ကြိမ်တို့ဖြစ်ကြောင်း သွေးစွန်းငွေ ဖြတ်တောက် ရေးလှုပ်ရှားမှုအဖွဲ့၏ လေကြောင်း တိုက်ခိုက်မှုများကို ဆန်းစစ်ခြင်း အစီရင်ခံစာအရ သိရသည်။
သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့အနေ အကြမ်းဖက်စစ်အုပ်စု ဝယ်ယူရရှိနေသည့် လေယာဉ်ဆီ များ၊ လေယာဉ်များ၊ လေယာဉ်တပ်လက်နက်များနှင့် လေယာဉ်များကို ပြုပြင်ထိန်းသိမ်းခြင်းဝန် ဆောင်မှု ရရှိနေသည်ကို ပိတ်ဆို့တားဆီးရန်အတွက် နိုင်ငံတကာကုမ္ပဏီများ အစိုးရများကို စည်းရုံး လှုံ့ဆော်ရာ၌ ယင်းအချက်အလက်များကို အသုံးပြုရန်နှင့် တရားမျှတမှုအတွက် လုပ်ဆောင်နေသည့် အဖွဲ့အစည်းအသီးသီးတို့မှ လေကြောင်းတိုက်ခိုက်မှုအချက်အလက်များ လိုအပ်ပါက အသုံးပြုနိုင်ရန် ရည်ရွယ်၍ ပြုစုထားခြင်းဖြစ်ကြောင်း သိရသည်။
D Day News