မတ္တရာမြို့နယ်၊ ဆောက်ခြုံပေါက်ရွာကို ဝင်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၂ ဦး သေဆုံးပြီး ငါးကြင်းမြီးနှင့် RPG အပါအဝင် လက်နက် ၉ လက်နှင့်ခဲယမ်းတွေ သိမ်းဆည်းရရှိ
D Day News
နိုဝင်ဘာလ ၂၁
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ဆောက်ခြုံပေါက်ရွာကို ဝင်လာတဲ့ အကြမ်းဖက်စစ် တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦးသေဆုံးပြီး ငါးကြင်းမြီး ၊ RPG လက်နက်ကြီးတွေ အပါအဝင် လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ပါတယ်။
မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ စအရ-၉၁၀ (အမှတ်-၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း) မှာ အင်အားစုဖွဲ့ပြီး သဖန်းဒေါင့်ရွာကနေတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်သည်။ မတ္တရာမြို့နယ်၊ ဆောက်ခြုံပေါက်ရွာကို ဝင်ရောက်တဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ က နိုဝင်ဘာလ ၁၇ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာပါ။
အဲဒီစစ်ကြောင်းဟာ အင်း ၇၀ ကျော်ပါဝင်းပြီးတော့ ခမရ ၇၀၁ တပ်ရင်းက ဗမ ကျော်ဇေယျ ဦးစီး ခမရ ၇၀၁ ၊ ခမရ ၇၀၃ ၊ ခမရ ၇၀၄ တပ်ရင်းက တပ်သားတွေ စုပေါင်းစပ်ပေါင်းဖွဲ့စည်းထားတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးကာ MA-15 (ငါးကြင်းမြီး)နှင့်
MA-10 (RPG) အပါအဝင် လက်နက် (၉) လက်၊ RPG ဒုံးသီး (၈) လုံး၊ ၆၀ မမ ဗုံးသီး (၅) လုံး၊ အီနာဂါ ဗုံးသီး (၅) လုံး၊ 5.56 ကျည် (၃၅၁) တောင့်၊ G-3 ကျည် (၂၄၈) တောင့်၊ MA ကျည်အိမ် (၇) ခု၊ ကျည်အိမ်အဝိုင်း (၁) ခု၊ MA-15 ကျည်ခါးပတ် (၁) ခု၊ Equipment (၁) ခု၊ ယူနီဖောင်း (၂) စုံ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးမှူး ကွပ်ကဲကာ အမှတ် (၅၁၀) တပ်ရင်း၊ မန္တလေးခရိုင် ပကဖ၊ မဟာအောင်မြေမြို့နယ် ၊ ချမ်းမြသာစည်မြို့နယ် ၊ မတ္တရာမြို့နယ် ပကဖ အဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာပါ။
အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် မနက် ၉ နာရီ ၁၅ မိနစ်အချိန်မှာ နမခ ကနေ တက်လာတဲ့ Mi – 35 နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို မနက် ၁၁ နာရီ ၃ မိနစ်အချိန်မှာလည်း မိတ္ထီ လာကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်မှာလည်း ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ပြောပါတယ်။
D Day News