KNU News

0 0
Read Time:5 Minute, 51 Second

ခလယ်လွီထူခရိုင်အတွင်းမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦ သေဆုံးပြီး ကျောင်းသူ ၂ ဦးအပါအဝင် ၄ ဦးဒဏ်ရာရ၊ ဆေးခန်း၊ စာသင်ကျောင်းတို့အပါအဝင် ပြည်သူ့နေ အိမ်များ ပျက်စီး

 

D Day News

နိုဝင်ဘာလ ၂၀

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီ တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦ သေဆုံးပြီး ကျောင်း သူ ၂ ဦးအပါအဝင် ၄ ဦးဒဏ်ရာရကာ ဆေးခန်း၊ စာသင်ကျောင်းနဲ့ပြည်သူ့နေအိမ်တွေပျက်စီးခဲ့တယ် လို့ KNU ဗဟိုက ပြောပါတယ်။

 

နိုဝင်ဘာလ ၁၅ ရက်နေ့က အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ် ခလရ-၂၆၄ တပ်ရင်းမှ ဆော ထိမြို့နယ်အတွင်းကို ၁၂၀ မမ လက်နက်ကြီးနဲ့ ပန်းအင်းကျေးရွာအတွင်း (၂) လုံး ၊အလားတူ နိုဝင် ဘာလ (၁၆) ရက်နေ့မှာလည်း ချုံအင်းကျေးရွာအတွင်းကို (၁) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ကျောင်းကုန်းကျေးရွာအတွင်းကို (၁) လုံး၊ ခရုကုန်းကျေးရွာအတွင်းကို (၁) လုံးနဲ့ နိုဝင်ဘာ လ ၁၇ ရက်နေ့မှာ နိုဂေါ်ကျေးရွာအတွင်းကို (၂) လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

နတ်သံကွင်းမှာ နေရာယူထားတဲ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ကလည်း နိုဝင်ဘာ လ (၁၇) ရက်နေ့မှာ  ပဲသောင်ကျေးရွာအတွင်းကို (၂) လုံး၊ သောင်ပုကျေးရွာအတွင်းကို (၁) လုံး ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို ဒရုန်းနဲ့လည်း ဝါးပင်စုကျေးရွာအတွင်းကို ၄ လုံး၊  ခြောက်တဲစု ကျေး ရွာအတွင်းကို (၁) လုံး၊ အလယ်စုကျေးရွာအတွင်းကို (၁) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ် လို့ သိရပါ တယ်။

 

နိုဝင်ဘာလ (၁၉) ရက်နေ့ မနက်ကျောင်းတက်ချိန် အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့စာသင်ကျောင်း ကို ဗုံးကြဲခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် ကျောင်းသူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် မူကြို ကျောင်းတစ်ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းအတွင်းက အဆောက်အအုံတစ်လုံးတို့ ထိခိုက်ပျက် စီးခဲ့ပါတယ်။

 

ဒါ့အပြင် အလယ်စုကျေးရွာအတွင်းကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ နေအိမ်တစ်လုံး နဲ့ကျေးလက် ဆေးပေးခန်း တစ်လုံးကို ထိမှန် ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပြောဆိုထားပါတယ်။

 

ကုန်းချောင်းဝမှာ နေရာယူထားတဲ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ကလည်း နိုဝင်ဘာ လ (၁၇) ရက်နေ့မှာ လက်နက်ကြီး ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံး ထိခိုက်ပျက် စီးခဲ့ပါတယ်။

 

ကေအဲန်ယူ-မူးမြို့နယ်အတွင်းမှာရှိတဲ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတက် ခမရ-၃၀၇ ရွှေဝါ တပ်ရင်းကလည်း နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ဟောင်ဝစ်ဇာလက်နက်ကြီးကို ရွာကြီးအင်းကျေးရွာ အတွင်းကို ၆ လုံးပစ်ခတ်ခဲ့တဲ့အတွက် အသက် ၅၅ နှစ်အရွယ် ဦးပြူးကျော်၊ အသက် ၇၅ နှစ်အရွယ် ဦးဝဲကြည်တို့ သေဆုံးခဲ့ကာ အသက် ၅၀ အရွယ် ဦးစိုးကြည်နဲ့ အသက် ၄၅ နှစ်အရွယ် ကိုခိုကြီးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

နိုဝင်ဘာလ (၁၈) ရက်နေ့ကလည်း သေဂေးလူ (ရင်းတိုက်ကုန်း)ကျေးရွာမှာ နေရာယူထားတဲ့ အာ ဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က ရေလဲကျေးရွာအတွင်းကို လက်နက်ကြီး(၄)လုံး၊ နောင် ကုန်းကျေးရွာအတွင်းကို (၈)လုံးပစ်ခတ်ခဲ့ပါသေးတယ်။

 

တချိန်တည်းမှာပဲ နတ်သံကွင်းမှာ နေရာယူထားတဲ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ် က ရွာကြီးအင်းကျေးရွာအတွင်းကို  လက်နက်ကြီး (၁၂၀) မမ(၆)လုံး  ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

 

နိုဝင်ဘာလ (၁၉) ရက်နေ့ မနက် (၅) နာရီကနေ  နေ့လည် (၁) နာရီခွဲအထိ ရင်းတိုက်ကုန်းကျေးရွာ၊ အုန်းပင်စုကျေးရွာ၊ နတ်သံကွင်း၊ နရွဲပင်ကျေးရွာတွေမှာ နေရာယူထားတဲ့ ခမရ-၃၀၇ နှင့် ကျောက် ကြီးမြို့ရှိ ခမရ-၃၅၁ နှင့် ခလရ-၆၀ တပ်ရင်းတို့က နောင်ကုန်းကျေးရွာ၊ တမောမ(လေးပေါမူ) ကျေး ရွာ၊ တမာခေါကျေးရွာ၊ တောင်စုအရှေ့ကျေးရွာ၊ တောင်စုအနောက်အနောက်၊ နိုတောတာ (မယမ်း စိန်လေး)ကျေးရွာ ၊ ရွာကြီးအင်းကျေးရွာ၊ နိုကလော်(ကျွန်းကုန်း)ကျေးရွာ၊ ငနွားဆိပ်ကျေးရွာ၊ အညာ စုကျေးရွာ၊ ရေလဲကရင်ကျေးရွာ၊ ရေလဲဗမာကျေးရွာနှင့် ရန်မျိုးအောင်ကျေးရွာ စုစုပေါင်း(၁၃)ရွာကို လက်နက်ကြီး စုစုပေါင်း (၅၁)လုံးပစ်ခတ်ခဲ့ရာ ရေလဲဗမာကျေးရွာ က နေအိမ် ၂ လုံး ပျက်စီးခဲ့တယ် လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

 

လက်နက်ကြီးပစ်ခတ်ပြီးတဲ့ တစ်ချိန်တည်းမှာပဲ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သား တွေက နောင်ကုန်းကျေးရွာနှင့် ရွာကြီးအင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ကျေးရွာတွင်းရှိ ဒေသနေပြည်သူလူထုတွေ ထိတ်လန့်ကြောက်ရွံ့ကာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

 

အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ လူဦးရေ ၆၄၅၁ ဦးရှိပြီးတော့ အရေးပေါ် ကျန်းမာရေး၊ စားနပ်ရိက္ခာပြသတွေ ကြုံတွေ့နေရလို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *