KIA News

0 0
Read Time:2 Minute, 22 Second

ဖာကန့်မြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်အစပ် ဆယ်ဇင်းကျေးရွာရှိ SNA တပ်စခန်း ၄ ခုကို KIA တိုက် ခိုက်သိမ်းပိုက်

 

D Day News

နိုဝင်ဘာလ ၁၉

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အစပ် ဆယ်ဇင်း ကျေးရွာရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ SNA ၊ ပျူစခန်း ၄ ခုထက်မနည်းကို KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

 

ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက် ညနေ ၆ နာရီခန့်က ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာရှိ အကြမ်း ဖက်စစ်တပ် လက်အောက်ခံ SNA နှင့် ပျူများ အထိုင်ချထားသည့် စိုင်းပန်းစခန်းနှင့် ရွှေတွင်းတပ် စခန်းတို့ကို KIA ပူးပေါင်းတပ်ဖွဲ့အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း ၊ ထို့အပြင် ဆယ်ဇင်းဒေသရှိ စစ်ကောင်စီနှင့်ရှမ်းနီ SNA တို့၏ ပန်ချယ်ကုန်းနှင့် မန်းစိမ်းချောင်းဖျားစခန်းတို့ကို လည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

“ကချင်ပြည်နယ် ဆယ့်ဇင်းတစ်ဖက်ကမ်းမှာရှိတဲ့ စိုင်းပန်ကုန်း ပင်မစခန်းရပြီ။ ကချင်ဘက်အခြမ်း မှာဆိုရင် ပန်ချယ်ကုန်း၊ ရွှေတွင်းလမ်းဆုံ မန်းစိမ်းချောင်းဖျားစခန်းကို လည်း သိမ်းပိုက်ရရှိပါတယ်။ ဆိုင်ပန်ကုန်းက မနေ့က အထိ ဝိုင်းရံပိတ်ဆို့ထားတာ၊ ဒီမနက်ရသွားတယ်ပြောတယ်လို့ သိရတယ်။ မနေ့က ညနေ့ ၄ နာရီ လေယာဉ်ပစ်ကူ နှစ်ကြိမ် လာပြီး ဒုက္ခပေးသွားသေးတယ်” ဟု KIA သတင်း ရင်းမြစ်က ပြောကြားသည်။

 

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အစပ်ရှိ ဆယ်ဇင်းဒေသမှ စခန်းသိမ်းတိုက်ပွဲများတွင် KPDF ၂ ဦးကျဆုံးခဲ့ရကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုနှင့်လက်နက်ခဲယမ်းရရှိမှုကို စိစစ်နေဆဲ ဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့ကလည်း SNA တပ်ဖွဲ့၏ အဓိက တပ်စခန်းဖြစ်သော ဆယ်ဇင်း ကျေးရွာတပ်စခန်းကို KIA ၊ PDF ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *