ထားဝယ်မြို့ တွင် ၃ ဘီးယာဉ်အသုံးပြု၍ ကင်းလှည့်ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ၅ ဦး သေဆုံးပြီး လက်နက် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
D Day News
နိုဝင်ဘာလ ၁၉
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် ၃ ဘီးယာဉ်ဖြင့် ကင်းလှည့်ထွက်လာသော အကြမ်းဖက် စစ် သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးပြီး လက်နက် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ ခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက် နံနက် ၉ နာရီဝန်းကျင်ခန့်က ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်နှင့် ဆင်ဆိပ်ရပ်ကွက်အကြားတွင် သုံးဘီးယာဉ်အသုံးပြု၍ လမ်းကင်းထွက်လာသော စစ်ကောင်စီ တပ် ဖွဲ့ဝင်များကို ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့် ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်မှုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးပြီး ၂ ဦး ထိ ခိုက်ဒဏ်ရာ ရရှိကာထွက်ပြေးသွားကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများ အသုံးပြုသော MA1 အမျိုးအစား သေနတ် ၃ လက်၊ MA3 အမျိုးအစား သေနတ် ၁ လက်၊ MA2 အမျိုးအစား စက် ကလေး ၁ လက်၊ ကျည်ဘောက် ၁၅ ခု၊ အီကွေးမန်းခါးပတ် ၁ ခုနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသားလွတ် မြောက်ရေး တပ်တော် (DNLA) တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများအား အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန် ဖြစ်သောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးအထူး အသိ ၊ သတိပြု သွားလာနေထိုင် ကြရန် တိုက်တွန်းထားသည်။
တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို သော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းကြပါရန် ထပ်မံတိုက်တွန်းဖိတ်ခေါ်ထားသည်။
D Day News