သရက်ချောင်းနှင့် ထားဝယ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်သား ၂ ဦးလက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်
D Day News
နိုဝင်ဘာလ ၁၉
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်နှင့် ထားဝယ်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ် သား ၂ ဦးလက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ရင်း ၂ ထံမှ သိရသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့က ထားဝယ်မြို့နယ်အခြေစိုက် ခလရ ၂၆၇ တပ်ရင်းမှ တပ်သား တစ်ဦးနှင့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် သရက်ချောင်းမြို့နယ်အခြေစိုက် ခမရ ၄၀၃ မှ တပ်သားတစ်ဦးတို့သည် ၎င်းတို့ကိုင်ဆောင်သော လက်နက်ခဲယမ်းများယူဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် ထား ဝယ်ခရိုင်အမှတ် ၂ တပ်ရင်းသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
“အခုလက်ရှိတော့ သူတို့ကို တပ်ရင်းမှာပဲ ထားရှိပါတယ်။ နေထိုင်စားသောက်ဖို့အကုန်စီစဉ်ပေး ထားပါတယ်။ ဆုကြေးကိစ္စကတော့ MOD ကို တင်ပြပြီး လုပ်ဆောင်သွားမှာပါ” ဟု ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းအနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံဝင်ရောက်လာမည့် တပ်မတော်သား၊ ရဲ တပ်ဖွဲ့ဝင်များကို ကြိုဆိုလျက်ရှိပြီး စစ်သား၊ ရဲများ အနေဖြင့် ပြည်သူလူထုကို မျက်နှာမူကာ ပြည်သူ့ ရင်ခွင်သို့ ခိုလှုံဝင်ရောက်ကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းထားသည်။
D Day News