0
0
Read Time:1 Minute, 3 Second
ကဗျာ ကဏ္ဍ “လှမ်းခဲ့ပါ ချစ်ဆွေ”
ပျိုးကြဲလက်
လူစိတ်ဝင် ဖြူစင်ကြတဲ့
စကစ စစ်သည်တော် ။
ပြည်သူ့ထံ အလံဖြူပြလို့
ပူးပေါင်းကြနော် ။
မိသားစုက ရင်မမျှော်
ဘေးမခသော် ပျော်၏ ။
လူ့အသက်ထက် ပိုတွေးရင်
အရေးကြီးတာ ကမ္ဘာမှာလ
ဘာမှ မရှိ ။
ရုပ်ခန္ဓာ အချိန်ပေးလို့
အိမ်ထောင်ရေး သူစွမ်းဆောင် ။
လင့်တာဝန် တမြေကျတော့
ခွဲရပေါ့မောင် ။
မယားက မျက်ဆန်ကြောင်
လင်သားမောင် မျှော်ဆဲ ။
ရှေ့တန်းမှာ အကျများရင်
မျက်ရည်ကရွှဲ ။
သင့်အသက်နဲ့ မိသားစု
လူထုက ကိုယ်ချင်းစာ ။
ဖြူစင်စွာ စိတ်ကိုထားလို့
နားလည်ကြရာ ။
ရှင်ကျန်ဖို့ မသေချာ
လူယုတ်မာအောက် မနေနဲ့ ။
ပြည့ရင်ခွင် လက်တကမ်းမှာ
လှမ်းခဲ့ပါကွယ့် ။ ။
ပျိူးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက် ည ၇ နာရီ ၁၆ မိနစ်
D Day News