ကွက်ခိုင်မြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေး ၁ ဦးအပါအဝင် ၃ ဦး သေဆုံး ပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရ
D Day News
နိုဝင်ဘာလ ၁၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွက်ခိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကလေး ၁ ဦးအပါဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနထံက သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် ည ၁၁ နာရီ ၄၇ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၅ နယ်မြေ၊ ကွတ်ခိုင်မြို့ ၊ ရပ်ကွက် ၄ အတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီးအမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၆ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ပြည်သူ့ နေအိမ် ၈ လုံးလည်း ထိမှန်ပျက်စီး ခဲ့ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ (၁၇)ရက်နေ့တွင် မိုင်းငေါ့မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက် ဖိုက် တာဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
ပြီးခဲ့သည့် နိုင်ဝင်ဘာ ၁ ရက်နေ့လည်း ကွတ်ခိုင်မြို ရပ်ကွက် ၂ တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက် တာ ၂ စီးဖြင့် ဗုံးသီး ၈ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် လေကြောင်းကိုအသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည်၍ ဗုံးကြဲ ချတိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ပြည်သူပိုင်နေအိမ်များလည်းထိခိုက် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက် ခိုက်မှုမှ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေ ကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးအပ်ထားသည်။
D Day News