ရေဖြူမြို့နယ်တွင် ရေတပ်မှ တပ်သား ၁ ဦးနှင့် အကြမ်းဖက်စစ်တပ်၏ အတင်းအဓမ္မ တပ်သားသစ်စု ဆောင်းခံရသူ ၅ ဦး လက်နက် ၁ လက်နှင့် အတူ အလင်းဝင်
D Day News
နိုဝင်ဘာလ ၁၈
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရေတပ်မှ တပ်သား ၁ ဦးနှင့် အကြမ်းဖက်စစ်တပ် ၏ မတရားစစ်မှုထမ်းစုဆောင်းခံရသူ ၅ ဦးတို့ လက်နက် ၁ လက်နှင့်အတူ အလင်းဝင်ရောက်ခဲ့ ကြောင်း ဒေါနစစ်ကြောင်းထဲမှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရေဖြူမြို့နယ်၊ ရှေ့တန်းစစ်မျက်နှာသို့ လိုက်ပါဘာသော အကြမ်းဖက် စစ် ကောင်စီရေတပ်မှ တပ်သား ဝေဖြိုး၊ အတင်းအဓမ္မစစ်သားစုဆောင်းခံရပြီး အပတ်စဉ် ၂ သင် တန်းတက်ရောက်ခဲ့သူ တပ်သား ဖြိုးမင်းအောင်၊ ကရင်လေး၊ တပ်သား ရဲမင်းမောင်၊ စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်းတပ်သား သန်းတိုးအောင် ၊ တပ်သား ဖြူးဖွေး တို့သည် MA1 အမျိုး အစား သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ဘောက် ၊ ကပစ ထုတ် ၅.၅၆ ကျည် ၁၆၁ တောင့် တို့နှင့်အတူအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရက်ပိုင်းလောက်ရှိပါပြီ။ တစ်ယောက်လည်းပါတယ်။ အဖွဲ့လိုက်လဲပါတယ်။ ကျနော်တို့အဖွဲ့တွေနဲ့ အချိတ်ရပြီးမှ ဝင်လာကြတာပါ။ လက်နက်ပါလာတာက ရေတပ်က တပ်သားပါ။ လောလောဆယ် တော့သူတို့ကို ပေါ့ပေါ့ပါးပါးပဲ လူ့အခွင့်အရေးနဲ့အညီ ကောင်းကောင်းမွန်မွန်နဲ့စောင့်ရှောက်ပေးထား ပါတယ်။ သူတို့ကို တပ်ထဲမှာ ဝါဒမှိုင်းမိထားတာက PDF တွေဘက်ရောက်ရင် တော်လှန်ရေးတပ်တွေ ဘက်ရောက်ရင် အသတ်ခံရမယ်ဘာညာဆိုပြီး ရိုက်ထည့်ထားတာ။ အဲလိုမဟုတ်ဘူးဆိုတာကို ကျ နော်တို့က ကောင်းကောင်းမွန်မွန်ထားပြီးတော့ လူ့ဂုဏ်သိက္ခာနဲ့အညီထားပေးထားပါတယ်” ဟု ဒေါန စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
အလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သားများသည် ပြည်သူကာကွယ်ရေးတပ်မတော် ၊ တောင် ပိုင်း တိုင်း စစ်ဒေသခွဲ အမှတ် ၃ ၊ ဗျူဟာ ၃၃ ၊ ဒေါနတပ် ရင်းနယ်မြေဖြစ်သည့် ရှေ့တန်းနယ်မြေကို ပို့ဆောင်ခြင်းခံရသူများဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့် ကြေညာချက်များ ကြောင့် အတင်းအဓမ္မတပ်သားစုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသောတပ်မ တော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းနှင့် မဟာ မိတ်ပူးပေါင်းတပ်ဖွဲ့များ၊ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင် ရောက်နိုင်ကြောင်း အသိပေးတိုက်တွန်း ထားသည်။
D Day News