ချောင်းဦးမြို့နယ်၊ ချောင်းဦး -မြင်းမူလမ်းပိုင်းတွင် ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး
D Day News
နိုဝင်ဘာလ ၁၈
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦး -မြင်းမူလမ်းပိုင်းတွင် ဆက်ကြေးကောက်နေသော အ ကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း လျှပ်စီးတပ်ခွဲထံမှ သိရ သည်။
နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ ချောင်းဦး-မြင်းမူ လမ်းပိုင်းရှိ သံလွင်မြန်မာ ဆီဆိုင်အနီးတွင် လမ်းသွားလမ်းလာပြည်သူများထံမှ ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်တပ် ကင်းစခန်းမှ စစ်သားများကို ၂ ကြိမ် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
ပထမ အကြိမ် တိုက်ခိုက်မှုတွင် မိုင်းကွင်း အနီး ရောက်ရှိလာသော စစ်ကောင်စီ တပ်သား ၄ ဦးကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ ခဲ့ကြောင်း၊ ဒုတိယအကြိမ် တိုက်ခိုက်မှုတွင် တော်လှန်ရေးရဲဘော်များက စနိုက်ပါ ၊ ၄၀ မမ လက် နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ကာ ပြန်လည် ဆုတ်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃)၊ ရေနဂါး ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ မီးတောက်ခွဲ ( မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ -၄) မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်း တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
D Day News