Shan State News

0 0
Read Time:2 Minute, 57 Second

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာအနီးရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းကို စစ်တပ် တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူထိခိုက်မှုမရှိပြီး ဘာသာရေး ဘုရားကျောင်း နှင့် နေအိမ်များ ပျက်စီး

 

D Day News

နိုဝင်ဘာလ ၁၈

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု ၊ လအိကျေးရွာအနီးရှိ ဘန်ကောက်စစ် ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ ပြည်သူထိခိုက်မှုရှိပြီး ဘုရားကျောင်းနှင့်နေအိမ်များ ပျက်စီးခဲ့ကြောင်း 1007 Mobye PDF 2 ထံမှ သိရသည်။

 

ယနေ့ နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်က ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ လအိ ကျေးရွာအနီးရှိ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို အကြမ်းဖက် စစ်ကောင်စီတပ်က တိုက် လေယာဉ် ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးတစ်ကြိမ်၊ ပေါင် ၂၀၀ ရှိသော ဗုံးသီး ၂ ကြိမ် စုစုပေါင်း ဗုံး ၅ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်ပြည်သူများ ထိခိုက်မှုရှိပြီး ဘန်ကောက်စစ်ဘေးရှောင်စခန်းနှင့် ၎င်း အနီးတဝိုက်ပြည်သူများ၏ တဲ၊ နေအိမ်၊ ဘာသာရေး ဘုရားကျောင်း နှင့် စပါးကျီ များထိခိုက် ပျက်စီးခဲ့‌ကြောင်း သိရသည်။

“ပြည်သူတွေထိခိုက်မှုကရှိတယ်။ အသေးစိတ်မသိရဘူး။ တိုက်ပွဲမရှိပဲနဲ့ ဗုံးကျဲသွားတာပါ။ လေ ယာဉ်တွေက သုံးလေးရက် တစ်ခါ ပျံနေကြဆိုတော့ မိဘပြည်သူတွေအနေနဲ့ သတိဝရိယနဲ့ နေကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု 1007 Mobye PDF 2 သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းဘန်ကောက်စစ်ဘေးရှောင်စခန်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့က အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ်နှင့်အမျိုးသမီးများ အပါ အဝင် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးထက်နမည်း သေဆုံးခဲ့သေးသည်။

 

ထိုသို့ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် စစ်ဘေးရှောင်ပြည်သူအများစုမှာ အခြားနေရာသို့ ပြောင်းရွှေ့နေ ထိုင်ခဲ့ကြသော်လည်း ပြောင်းရွှေ့ရန် ခက်ခဲသူများမှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ လက်ရှိ ကုန် စျေးနှုန်းအဆမတန်မြင့်တက်မှုကြောင့် စားဝတ်နေရေး၊ ဆေးဝါး စသော လူထု၏အခြေခံစားသောက် ကုန်များ ဝယ်ယူမှုအခက်ခဲဖြင့် ရင်ဆိုင်နေရကြရကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *