အုတ်ဖိုတွင် သန်းခေါင်စာရင်းကောက်ရန် အသံချဲ့စက်ဖြင့်အော်နေသည့် အုပ်ချုပ်ရေးမှူး အောင်ဇော် (ခ)ဇော်ထွန်း ပစ်ခတ်ခံရပြီး သေဆုံး
D Day News
နိုဝင်ဘာလ ၁၈
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် သန်းခေါင်းစာရင်းကောက်ရန် အသံချဲ့စက်ဖြင့်အော် နေ သည့် လိပ်ဥ ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး အောင်ဇော်(ခ) ဇော်ထွန်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေ ရာမှာ ပင်သေဆုံး သွားကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့အုပ်ဖိုထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်က အုတ်ဖိုမြို့နယ်၊ ရန်ကုန် – ပြည် လမ်းမဘေး အုတ်ဖိုတာဆုံ ရဲကင်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီအတွက် သန်းခေါင်စာရင်း ကောက်ရန် အသံချဲ့စက်ဖြင့် အော်နေသည့် လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူး အောင်ဇော် (ခ) ဇော် ထွန်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ ရဲ ဘော်များက သေနတ်ဖြင့် ဦးခေါင်းတည့်တည့် ကျည် ၁ ချက်ပစ်ခတ်၍ ရှင်းလင်းခဲ့ကြောင်း သိရ သည်။
သေဆုံးသွားသော အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် အောင်ဇော် (ခ) ဇော်ထွန်းထံမှ လက် ပစ်ဗုံး ၁ လုံး၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၅၇၀၀ ကျပ် တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရ သည်။
အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် အောင်ဇော်(ခ)ဇော်ထွန်းသည် စစ်ကောင်စီထောက်တိုင် အမာခံ တစ် ဦးဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် PDFရဲဘော်များ၏ အချက်အလက်များအား အကြမ်းဖက် စစ်ကောင်စီထံ ထောက်လှမ်းသတင်းပို့ခြင်း၊ အကြမ်းဖက်စစ်တပ် အလိုကျ ပြည်သူများအား အတင်း အကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံပေးခြင်း၊ အကြမ်းဖက်စစ် ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရာတွင် ဦးဆောင် ပါဝင်ခြင်းများ လုပ်ဆောင်နေသော ကြောင့် ယခုလို အရေးယူရခြင်းဖြစ်ကြောင်း အသိပေးထားသည်။
သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ တပ်ဖွဲ့အနေ ဖြင့် စကစအတွက် စစ်မှုထမ်းရန် အတင်းအကြပ် လူစုနေသူများ၊ ပြည်သူများနှင့် တော်လှန်ရေး တပ်ဖွဲ့များကို ဒုက္ခပေးနေသူများ၏ အချက်အလက်များကို လက်ခံရရှိထားပြီးဖြစ်၍ အရေးယူမှု များကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
D Day News