မြင်းခြံမြို့နယ်၊ သဲတောကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး
D Day News
နိုဝင်ဘာလ ၁၇
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သဲတောကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Myingyan Twenty-one Guerilla Force – MTGF အဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ မြင်းခြံမြို့နယ်၊ သဲတောကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အ ကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးထိခိုက်ဒဏ်ရာရသူများကို ကား ၂ စီး ဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိအချိန်အထိ မြင်းခြံမြို့နယ် အတွင်း ဆက်လက် စစ် ကြောင်းထိုးနေပြီး တော်လှန်ရေး တပ်ဖွဲ့များက တောက်လျောက်လိုက်လံ တိုက်ခိုက်နေသဖြင့် တိုက် ပွဲ များ နေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း၊ အကြမ်းဖက်စစ်တပ်ကလည်း တိုက်ခိုက်ရေး ရဟတ်ယာဉ် များဖြင့် ပစ်ကူပေးကာ တိုက်ခိုက်မှုများရှိကြောင်း သိရသည်။
“ပြည်သူ့ အိုးအိမ်တွေကို ဝင်ရောက် လုယက်နေတဲ့ မြင်းခြံက ပခတွေနဲ့ စခတွေကို ပြောချင်တာက တော့ ကျွန်တော်တို့က ဒီလောက်နဲ့ ရပ်သွားမှာမဟုတ်ပါဘူး။ တစ်ပွင့်ကြွေရင် တစ်ပင်လုံးဝေပြမှာပါ။ အဲ့ဘက်မှာ တိုက်ပွဲက နေ့စဥ်ဖြစ်နေပါတယ်။ မုံရွာ နမခ က တက်လာတဲ့ Mi-35 ကလည်း မြင်းခြံ ဘက် က တိုက်ပွဲတွေမှာ ပစ်ခတ်နေတာတွေရှိတယ်။ စခစစ်ကြောင်းကတော့ ရှိနေပါသေးတယ်” ဟု Myingyan Twenty-one Guerilla Force – MTGF အဖွဲ့မှ တာဝန်ရှိသူ က ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံ 21ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံခရိုင်တပ်ရင်း -၂၊ တပ်ခွဲ -၁ ) နှင့် မဟာ မိတ် ပူးပေါင်း အဖွဲ့များက ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း Myingyan Twenty-one Guerilla Force – MTGF အဖွဲ့မှ ရဲဘော် ဖော်ကာ (ခ) နေမျိုးဦး ကျဆုံးခဲ့ကြောင်း သိရသည်။
D Day News