နောင်ချိုမြို့တိုက်ပွဲတွင် ဗိုလ်မှူး၊ ဗိုလ်ကြီးများအပါအဝင် စစ်သား အများအပြား သေဆုံးပြီး လက် နက် ခဲယမ်းများ သိမ်းဆည်းရရှိ
D Day News
နိုဝင်ဘာလ ၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်သားအများအပြားသေဆုံးပြီးလက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) (၁၄၅) ရက်မြောက်နေ့အဖြစ် နောင်ချိုမြို့ရှိ တောင်ခမ်းအမြောက်တပ်စခန်း (၃၅၄) နှင့် (၉၀၂) တပ်စခန်းတို့ကို တအာင်း အမျိုး သား လွတ်မြောက်ရေးတပ်မတော် TNLA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် တပ်မ (၁၁) ခမရ (၂၁၃) တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီးမောင်သန်း အဆင့်ရှိသူနှင့် တပ်သားများ သေဆုံး ခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ နှင့် စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်း ရရှိခဲ့ ကြောင်း သိရသည်။
ထိုအပြင် လက်နက်ခဲယမ်းနှင့်အတူ စစ်ကောင်စီတပ်ဖွဲဝင်(၄) ဦးလည်း အရှင်ဖမ်းဆီးနိုင်ခဲ့သည် ဟု ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နောင်ချိုမြို့ရှိ တောင်ခမ်းအမြောက်တပ်စခန်းထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှတစ်ဆင့် စစ်အင်အားဖြည့်တင်းနေပြီး လေကြောင်းမှတစ်ဆင့် လည်း စစ်လက်နက်ခဲယမ်းများ ဖြည့်တင်းနေကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ် ပွား ခြင်းမရှိသည့်နေရာတွင်လည်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်မှုများ လုပ်ဆောင်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
D Day News