Ye U News

0 0
Read Time:1 Minute, 46 Second

ရေဦးမြို့မရဲစခန်းအတွင်း၌ ရဲတစ်ဦးမင်္ဂလာဆောင်ပွဲကျင်းပနေစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ရဲ ၄ ဦး သေဆုံး

 

D Day News

ဧပြီလ ၁၁

 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ ရေဦးမြို့မရဲစခန်းအတွင်း၌ ရဲတစ်ဦးမင်္ဂလာဆောင်ပွဲ ကျင်းပနေစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲ ၄ ဦးသေဆုံးသွားကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၉ ရက် နံနက် ၈ နာရီ ၅၅ မိနစ်က ရေဦးမြို့ ရဲစခန်းထဲ၌ ရဲတပ်သား ချစ်မင်းကို နှင့် Non CDM စပယ်ဦးတို့၏ မင်္ဂလာဆောင်ကျင်းပနေစဉ် ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ Fixed Wings Drone ၂ စီးဖြင့် ဗုံးသီး ၃ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ရဲ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

အလားတူ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရေဦးမြို့ အောင်မဂ်လာရက်ကွက် မူးကျင်းအဆင်း၌ မူး ယစ်သောက်စားကာ ကြက်တိုက်နေသော အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများကို Fixed Wings Drone ၂ စီးဖြင့် ဗုံးသီး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ကြက်ဝိုင်းအတွင်းရှိ အကြမ်းဖက်စစ်သား ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။။

 

ထိုသို့ တိုက်ခိုက်မှုအပြီး အကြမ်းဖက်စစ်သားများမှ လက်နက်ငယ်များဖြင့် ဘေးပတ်ဝန်းကျင်အား ရမ်းသန်းပစ်ခတ်သော်လည်း ပြည်သူ့ကာကွယ်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *