Tanintharyi News

0 0
Read Time:1 Minute, 52 Second

လောင်းလုံးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းများဖြစ်သော မိုက်ခရိုဝေ့တာဝါတိုင်၊ စီမံကိန်း ရုံး တို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

 

D Day News

နိုဝင်ဘာလ ၁၆

 

တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းများ ဖြစ်သော မိုက်ခရို ဝေ့တာဝါတိုင်စခန်း နှင့် စီမံကိန်းရုံးတို့ရှိ အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း လောင်းလုံးမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

နိုဝင်ဘာလ ၅ ရက်နေ့က ကျောက်နီမော်ကျေးရွာအောက်ပိုင်းအောက်ကျောက်ဝပ် ၊ ညောပြင်ကျေး ရွာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ကျော်ခန့် စစ်ကြောင်းထိုးဆင်းခဲ့သဖြင့် နိုဝင်ဘာလ ၆ ရက်နေ့တွင် မိုက်ခရိုဝိတ်တာဝါတိုင်စခန်းကို လည်းကောင်း ၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စစ် ကြောင်းထိုးရာမှ ပြန်ရောက်လာပြီး အနားယူနေသည့် စစ်ကောင်စီတပ်သားများ စခန်းချရာ စီမံကိန်း ရုံးကို လည်ကောင်း အသီးသီး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ဒရုန်းစစ်ဆင်ရေးများတွင် အကြမးဖက်စစ်သားများ ထိခိုက်မှုရှိခဲ့ပြီး အသေးစိတ်အားဆက် လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုများကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၊ ထားဝယ်ခရိုင် ဒရုန်းစစ်ဆင်ရေးအဖွဲ့ ၊ ဖယ်ဒရယ်ဓူဝံပြောက်ကျားတပ်ဖွဲ့ ၊ YPPDF နှင့် နွေဦးပြောက်ကျားတပ်ဖွဲ့တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *