Poem

0 0
Read Time:1 Minute, 21 Second

ကဗျာ ကဏ္ဍ “ပျူနောင်တ”

 

ပျိူးကြဲလက်

 

ကိုယ့်ရပ်ရွာ လုံခြုံရေး

အသက်ပေးလို့ ကာကွယ်လို ။

 

ရန်သူကို အာခံတုမယ့်

ပြည်သူ့စစ်ဗျို ။

 

မြှေက်ပေးကာ ရမ္မက်ပို

အခွင့်ရေးကို မျှော်တွေး ။

 

လက်သုံးတော် ပျူစောထီးမှာလ

ဗိုလ်ကြီးတွေ မှိုင်းမလို့

ဝင်ခဲ့ပါ့လေး ။

 

လက်နက်ကိုင် အခွင့်ထူးနဲ့

ရွှင်မြူးရ အခါခါ ။

 

တရွာဝင် တစ်ရွာထွက်

ခိုးဝှက်ငွေရှာ ။

 

အခွင့်ရေးက နှစ်ကြိမ်မလာ

လက်ဖျားမှာ ငွေသီး ။

 

ဒေသခံ မျက်ရည်ကျတယ်

သောကဖိစီး ။

 

ရွာထဲမှာ ရုပ်တည်ကြီးနဲ့

ဗိုလ်ကြီးက အပြောကြွယ် ။

 

ရွာပတ်လည် တော်လှန်တပ်က

ရိက္ခာဖြတ်တယ် ။

 

ပျူမှန်က ငတ်လို့ရယ်

ကယ်မယ့်သူ ရှိဘူး ။

 

ပြည့်ကျိန်စာ ဒွန်တွဲလို့

ငရဲပြည်ကူး ။

 

လူပေါင်းရယ် မှားပါပေါ့

စစ်သားတို့ ရန်ရှာပေ ။

 

လူအတွေ သေနတ်တုနဲ့

သူ့ကိုယ်စားသေ ။

 

အိုးမဲသုတ်လို့ အိမ်ကြက်တွေ

ခွပ်ကြစေ ဗျူဟာထူး ။

 

ပြည့်မေတ္တာ ကိုယ်စီရအောင်

ကူကြပါဦး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက် ည ၇ နာရီ ၄ မိနစ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *