Sagaing News

0 0
Read Time:2 Minute, 27 Second

ဘုတလင်မြို့နယ်အတွင်းရှိ ပြည်သူ ၅၃ ဦးကို ဓားစာခံဖမ်းကာ မုံရွာသို့ ပြန်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု ဒုတပ်ကြပ် ၁ ဦးအပါအဝင် အများအပြား သေဆုံး

 

D Day News

နိုဝင်ဘာလ ၁၅

 

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းရှိ ပြည်သူ ၅၃ ဦးကို ဓားစာခံဖမ်းကာ မုံရွာသို့ ပြန်လာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဒုတပ်ကြပ်တစ်ဦးအပါအဝင် အများအပြား သေဆုံးခဲ့ကြောင်း Ba Thu Kyawal Coulmn တပ်ဖွဲ့ထံမှ သိရသည်။

 

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဘုတလင်မြို့အတွင်းရှိ ပြည်သူ ၅၃ ဦးကို ဓားစာခံဖမ်းကာ  အနောက် မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ ထွက်လာသည့်  အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ် ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပဒေသာမိုင်း ၁၀ လုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ပြီး နောက် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်မှ ဒု တက ဇော်ဝင်းအောင် အပါအဝင် အများအပြားထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

” ဒုတကဇော်ဝင်းအောင် သေတာကိုတော့ တပ်တွင်း အရင်းမြစ်က အတည်ပြုလို့ သိရတာပါ၊ ကျန် တာတော့ လမ်းပေါ်မှာလဲသွားတာတွေပဲ မျက်မြင်ဖြစ်ပါတယ်။ အရေအတွက် အတိအကျ အတည် မပြုနိုင်သေးပါဘူး။ ပြည်သူတွေကိုပဲမှာ ချင်ပါတယ်။ စစ်ရေးသတင်းကို အမြဲနားစွင့်ပြီး ကြိုတင် ရှောင်တိမ်းနိုင်အောင်လုပ်ကျပါ။ မိမိအသက်ထက် အရေးကြီးတာ ဘာမှမရှိဘူးလို့ နောက်နောင် အခု လိုဓားစာခံအဖြစ် အဖမ်းဆီး မခံရအောင် ဂရုစိုက်ကျပါ အားတင်းထားကျပါ” ဟု Ba Thu Kyawal Coulmn တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာခရိုင် အမှတ် ၉ တပ်ရင်း၏ တပ်ရင်းရုံးစစ်ကြောင်းနှင့် Ba Thu Kyawal Coulmn တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးသွားသည့် ပြည်သူ ၅၃ ဦးသည် ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *