Poem

0 0
Read Time:1 Minute, 2 Second

ကဗျာ ကဏ္ဍ “သူရဲကောင်းတို့ နားခိုရာ”

 

ပျိုးကြဲလက်

 

လက်နက်ကိုင် အာဏာပြလို့

ပြည်သူ့ဘဝ အခက်ပို ။

 

နှုတ်ဖျားမှာ ဥပဒေသက်

ပြည်ပျက်ပါ့ဆို ။

 

ခိုးဆိုးလုယက် အလျှိုလျှို

ဥဒဟို ပေါ်ထွက် ။

 

ရာဇပလ္လင် ခွေးတက်က

ပြုပြင်ရခက် ။

 

ပြည်သူတွေ မျက်ရည်ကျလို့

သောကမီး တောက်သလေ ။

 

ကြည်းရေလေ တပ်တော်တွင်းက

ရောင်းရင်းတို့ရေ ။

 

တသက်မှ တစ်ခါပေ

ဝန်ကျေပါ သူငယ်ချင်း ။

 

အမြန်မှန် တခါရရင်

အမိုက်မှောင်ကင်း ။

 

ရွှေမြေမှာ ပြည်သူများနဲ့

တသားတည်း နေကြည့်ပါ ။

 

ဂုဏ်ဆည်လျှင် ကိုယ်စီဘဝ

ကိုးဆယ်ဆသာ ။

 

ပြည်သူ့ရင်ခွင် အရောက်လာ

မော်ကြွားပါ သူငယ်ချင်း ။

 

အာဏာ့ရှင် အမှောင်ကင်းတယ်

ဝင်းပဘိခြင်း ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် ညနေ ၅ နာရီ ၄၇ မိနစ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *