International News

0 0
Read Time:9 Minute, 17 Second

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အခြားသော မြန်မာအရေး အတွက် လုပ်ပိုင်ခွင့်အာဏာအပ် နှံခံထားရသူများ၏ အကြံပြုချက်များနှင့်အညီ မြန်မာ့အရေး တစ်စုံ လုံးကို အပြည်ပြည်ဆိုင်ရာ ရာဇ ဝတ်ခုံရုံးသို့ အချိန်မဆိုင်းဘဲ လွှဲပြောင်းတင်သွင်းရန် ကုသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတောင်းဆို

 

D Day News

နိုဝင်ဘာလ ၁၄

 

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အခြားသော မြန်မာအရေး အတွက် လုပ်ပိုင်ခွင့်အာဏာအပ် နှံခံထားရသူများ၏ အကြံပြုချက်များနှင့်အညီ မြန်မာ့အရေး တစ်စုံ လုံးကို အပြည်ပြည်ဆိုင်ရာ ရာဇ ဝတ်ခုံရုံးသို့ အချိန်မဆိုင်းဘဲ လွှဲပြောင်းတင်သွင်းရန် ကုသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတောင်းဆိုလိုက်သည်။

 

နိုဝင်ဘာလ ၁၁ ရက် မွန်းလွဲ ၂ နာရီအချိန် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ International Institute of Social Studies (ISS) ၌ Irrawaddy Policy Exchange (IPE) မှ ကမကထပြု၍ International Institute of Social Studies (ISS) မှ ပူးတွဲကြီးမှူးသည့် “Rohingya in Crisis 2017-2024 – Violence, Broken promises and a future for justice” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

စစ်အုပ်စုမှ နိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများအပေါ် ပြုလုပ်နေသည့် စစ်မက်အား အရှိန် အဟုန် မြှင့်တင်လာခြင်း၏ ဆိုးကျိုးသက်ရောက်မှုသည် တစ်စထက်တစ်စ ဆိုဖွယ်ရာမရှိသည့် အခြေအနေ သို့ ရောက်ရှိလာပြီးပြည်တွင်း တရားဥပဒေစိုးမိုးမှု လုံးဝ ကင်းမဲ့ကာ စစ်ကောင်စီ၏ မဆင်မခြင် လေ ကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ၊ အရပ်သားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းများ၊ မတရား ဖမ်းဆီးချုပ်နှောင်ခြင်းများ၊ ညှဉ်းပန်းနှိပ်စက်ခြင်းများနှင့် လိင်ပိုင်းနှင့် ကျားမအခြေပြုသည့် အကြမ်းဖက်မှုများ၊ အတင်းအကျပ် တပ်သားစုဆောင်းခြင်းနှင့် နယ်ခြားဖြတ်ကျော်မှုခင်းတို့ကြောင့် ယခင်က မကြုံတွေ့ဖူးသော အလုံးအရင်းဖြင့် နေရပ်စွန့်ခွာမှု နှင့် ဒုက္ခသည် အကျပ်အတည်းတို့ကို ဖြစ်ပေါ်စေကြောင်း၊ ထို့အတူ ထိခိုက်ဒဏ်ရာရရှိမှု၊ အသက် ဆုံး ရှုံးမှု၊ အရပ်သားပြည်သူများ၏ ပိုင်ဆိုင်မှုများနှင့် အခြေခံအဆောက်အဦများ ထိခိုက်ပျက်စီးမှု တို့မှာ ပြောပြစရာပင် မလိုတော့ကြောင်း၊ အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် ကလေးငယ် များ အနေဖြင့် စစ်အုပ်စု၏ အကြမ်းဖက်မှုဒဏ်ကို အမြင့်မားဆုံး ခါးစည်းခံနေရကြောင်း ကုလသမဂ္ဂဆိုင် ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

တစ်ချိန်တည်းမှာပင် ရိုဟင်ဂျာများအနေဖြင့်လည်း ရှိရင်းစွဲ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာမှု ပြဿနာများအပြင် စစ်အုပ်စု၏ အတင်းအကျပ် တပ်သားစုဆောင်းမှုအောက်မှ လူ့အခွင့် အရေး ချိုး ဖောက်မှုများကြောင့် ဆက်၍ပင် ထိခိုက်လွယ်လျက်ရှိကြောင်း၊ ၎င်းတို့၏ ဒုက္ခများ သည် မတရား စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ပိုမို တိုးပွားလာခဲ့ပြီး ဒုက္ခသည် အများအပြား စီးဝင်မှုက ဘင်္ဂလား ဒေ့ရှ်နှင့် အခြားသော ဒေသတွင်းနိုင်ငံများကိုပါ ထိခိုက်စေကြောင်း ထောက်ပြထားသည်။

 

စစ်အုပ်စုအနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေကို နေ့စဉ် ဖောက်ဖျက်လျက်ရှိသည့်အပြင် အပြည်ပြည် ဆိုင်ရာတရားရုံး၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးနှင့် ဓာတုလက်နက်တားမြစ်ရေးအဖွဲ့တို့ အခြေ စိုက်ရာ သည်ဟိဂ်မြို့မှ ဆင်းသက်လာသည့် ဥပဒေစံနှုန်းများကိုလည်း မထီမဲ့မြင်ပြုလျက်ရှိကြောင်း၊ ဥပမာတစ်ခုအနေဖြင့် စစ်အုပ်စုက ပြည်သူများအပေါ်တွင် ဓာတုလက်နက်များကို အသုံးပြု လျက်ရှိ နေကြောင်း ၊ အဆိုပါ အချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ၌ တင်ပြခဲ့ပြီးဖြစ်ကြောင်း ကုလ သမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

 

အပြည်ပြည်ဆိုင်ရာတရားရုံးအနေဖြင့် တရားရုံး၏ လုပ်ငန်းစဉ်များတွင် ရက်စက် ကြမ်းကြုတ်မှုများ အား ကျူးလွန်လျက်ရှိသော ရာဇဝတ်သားများအား နေရာပေးခြင်းအားဖြင့် တရားရုံးမှ လုပ်ပိုင်ခွင့် အာဏာအရ ကာကွယ်ရန်လိုအပ်သည့် နိုင်ငံတကာ တရားမျှတမှုနှင့် လူသား ဂုဏ်သိက္ခာတို့၏ အခြေခံ အကျဆုံး စည်းမျဉ်းများကို ထိပါးလာနိုင်စေမည့် အန္တရာယ်ကို ပြန်လည် သုံးသပ်ရမည်ဖြစ် သည်ဟု ဆိုသည်။

 

မြန်မာအကျပ်အတည်းအား အပြည့်အဝနှင့် ထိရောက်စွာ ဖြေရှင်းနိုင်ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီနှင့် အခြားသော လုပ်ပိုင်ခွင့်အာဏာရှိသူများအကြားတွင် မြန်မာပြည်သူများ၏ မျှော်မှန်း ဆန္ဒနှင့်ကိုက်ညီသည့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနှင့် ညီညွတ်မှုရှိသော ချဉ်းကပ်မှုများ ကို ကျင့်သုံး လုပ်ဆောင်သင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော် မိုးထွန်းက ပြောကြားသည်။

 

လုံခြုံရေးကောင်စီအနေဖြင့် စစ်အုပ်စုက ကောင်စီ၏ ဆုံးဖြတ်ချက်အဆို ၂၆၆၉ အား အကောင် အ ထည်ဖော်ဆောင်ရာတွင် တိုးတက်မှုတစ်စုံတစ်ရာ မရှိသည်ကို တွေ့မြင်နေရကြောင်း၊ သို့ဖြစ်ရာ လုံ ခြုံရေးကောင်စီအနေဖြင့် ယခုနှစ်အတွင်း လူ့အခွင့်အရေးကောင်စီတွင် အတည်ပြုခဲ့သည့် မြန်မာ နိုင်ငံ ဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကို ကောင်းမွန်စွာ အသုံးချ၍ လုံခြုံရေးကောင်စီ၏ လုပ်ပိုင်ခွင့်အာ ဏာ ကို ထိရောက်စွာ ဖော်ဆောင်သင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း စကားလုံးများနှင့် ကတိကဝတ်များနှင့်အညီ အရေးယူ ဆောင်ရွက်ရန် လိုအပ်ပြီး အထူးသဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် ငွေကြေး ကဲ့သို့သော ပစ္စည်းများ ထောက်ပံ့ပေးနေသည့် နိုင်ငံများအနေဖြင့်လည်း ၎င်းတို့၏ လုပ်ဆောင်ချက် များသည် စစ်အုပ်စုကို သက်ဆိုးရှည်စေပြီး ပြည်သူများအအပေါ် ပိုမို ဆိုးရွားသော ရက်စက်ကြမ်း ကြုတ်မှုများအား ကျူးလွန်ရန် ခွင့်ပြုနေခြင်းဖြစ်သည်ဟုသိမြင်ကာ ယင်းပံ့ပိုးမှုများအား ရပ်တန့်ရ မည် ဖြစ်သည်ဟု ဆိုသည်။

 

နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ အား ထိန်းသိမ်းကာကွယ် ရန်တာဝန်ရှိသော လုံခြုံရေးကောင်စီ တို့၏ အကူအညီကို အထူးလိုအပ် လျက်ရှိပြီး စစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား ချုပ်ငြိမ်းရန်၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအား ကြိုးပမ်းရာတွင် နိုင်ငံတကာ အ သိုက်အဝန်းမှ ကူညီပေးရန် တိုက်တွန်းတောင်းဆိုထားသည်။

 

လုံခြုံရေးကောင်စီအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အခြားသော မြန်မာ အရေး အတွက် လုပ်ပိုင်ခွင့်အာဏာ အပ်နှံခံထားရသူများ၏ အကြံပြုချက်များနှင့်အညီ မြန်မာ့အရေး တစ်စုံ လုံးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးသို့ အချိန်မဆိုင်းဘဲ လွှဲပြောင်းတင်သွင်းရန်၊ အထူးသဖြင့် စစ်အုပ်စုမှ အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများ ဆက် လက် ပိုးမို ကျူးလွန်နေခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်၊ ပြည်သူများ၏ အသက်ကို ကယ်တင်နိုင်ရန် နှင့် ပြည်သူများနှင့် အနာဂတ်မျိုးဆက်များ၏ ကောင်းမွန်သော တည်တံ့ခိုင်မြဲသော အနာဂတ်အား ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် ပိုမို ငဲ့ညှာမှုရှိ၍ လူသားဆန်စွာဖြင့် ထိရောက်သော အရေးယူဆောင်ရွက်ချက်များကို အချိန်မှီ လုပ်ဆောင်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက်တောင်းဆိုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *