Tanintharyi News

0 0
Read Time:1 Minute, 39 Second

လောင်းလုံးမြို့နယ်စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၃ ဦးထက်နည်း ဒဏ် ရာရ

 

D Day News

နိုဝင်ဘာလ ၁၄

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ် ကောင်စီ တပ်သားများ စခန်းချရာနေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦး ထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Nway Oo Guerrilla Force ထံမှ သိရသည်။

 

နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၅ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေး ရွာ အောက်ပိုင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး၍ ပြန်လာသော အကြမ်းဖက် စစ်ကောင်စီ တပ် သားများ စခန်းချနေထိုင်သည့် စီမံကိန်းဟောင်းကို Nway Oo Guerrilla Force ဒရုန်းတပ်ဖွဲ့မှ ဗုံး သီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း စစ်ကောင်စီ တပ်သား ၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော် လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

 

အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရမ်းသမ်း ပစ်ခတ်မှုများ အချိန် မရွေးဖြစ်လာ နိုင်သည့် အတွက် မိဘပြည်သူများ အနေဖြင့် လုံခြုံရေး အထူးဂရုစိုက်ရန် မေတ္တာရပ်ခံကြောင်း Nway Oo Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *