ပေါက်ခေါင်းမြို့နယ်အကြမ်းဖက်စစ်တပ်အတွင်း ပြည်သူများကို ပေါ်တာဆွဲဖမ်းဆီးရာပါဝင်နေသည့် ဒွကျေးရွာအုပ်ချုပ်ရေးမှူး သန်းအောင် ပစ်ခတ်ခံရပြီး သေဆုံး
D Day News
နိုဝင်ဘာလ ၁၄
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အကြမ်းဖက်စစ်တပ်အတွင်း ပြည်သူများကို ပေါ်တာဆွဲဖမ်းဆီးရာပါ ဝင်နေသည့် ဒွကျေးရွာအုပ်ချုပ်ရေးမှူး သန်းအောင် ပစ်ခတ်ခံရပြီး သေဆုံး ၃၆၀၁ PPDFတပ်ရင်း ထံ မှ သိရသည်။
နိုဝင်ဘာလ ၁၃ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စု၊ ဒွကျေးရွာနေ အုပ်ချုပ်ရေးမှူးသန်းအောင်ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၃ မှ ဦးဆောင်ပြီး ပေါက်ခေါင်းမြို့နယ် – ပကဖ တပ်ဖွဲ့ဝင်များက ၎င်း၏ နေအိမ်သို့ သွား ရောက် ပစ်ခတ်ရှင်းလင်းရာ ဦးခေါင်းနှင့် ဝမ်းဗိုက်ထိမှန်ပြီး နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွား ကြောင်း သိရသည်။
ပစ်ခတ်ရှင်းလင်းခံရသူ အုပ်ချုပ်ရေးမှူးသန်းအောင်သည် အကြမ်းဖပ်စစ်ကောင်စီအတွက် စစ်မှုထမ်း စုဆောင်းရာနှင့် ပေါ်တာဆွဲရာတွင် အားတက်သရောလုပ်ဆောင်ပေးခြင်း၊ စစ်မှုမထမ်းလိုလျှင် လူ စားထည့်ရမည်ဟု ဆိုကာကျေးရွာအုပ်စုအတွင်း တအိမ်ထောင်လျှင် ငွေကျပ် ၃ သောင်းမှ ၅ သောင်း အထိကောက်ခံ၍ စစ်ကောင်စီအတွက် ငွေကြေးထောက်ပံ့ခြင်း၊ တော်လှန်ရေးထောက်ပို့ရဲဘော်များ ၏ သတင်းကို လိုက်လံစုံစမ်း၍ စစ်ကောင်စီထံသတင်းပေးပို့နေခြင်း တို့ကြောင့် ယခုကဲ့သို့ ပြတ် သားစွာ အရေးယူရှင်းလင်းလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးအရှိန်မြှင့်တင်လာသည်နှင့်အမျှ အခါအခွင့်သင့် လျှင် သင့်သလို အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင်များ ဖြစ်ကြသောရပ်/ကျေး ထွေအုပ်စာရေးများ၊ အုပ်ချုပ်ရေးမှူးများနှင့်စစ်တပ်ထောက်တိုင်များကို ပြတ်သားစွာအရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ မိဘပြည်သူများ အနေဖြင့်လည်း အကြမ်းဖက်စစ်သားများ၊ ရဲ၊ ထောက်တိုင်များရှိရာ နေရာ များကို သွားရောက်နေထိုင်ခြင်းမပြုလုပ်ကြပါရန် အသိပေးထားသည်။
D Day News