Sagaing News

0 0
Read Time:4 Minute, 30 Second

ဗိုလ်နဂါးဦးဆောင်သည့် BNRA တပ်မတော်က ပုလဲမြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်တပ်က လေ ကြောင်းအင်အားအလွန်အကျွံအသုံးပြုခုခံနေ

 

D Day News

နိုဝင်ဘာလ ၁၃

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို ဗိုလ်နဂါးဦးဆောင်သော BNRA တပ်မတော်က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေ လျက်ရှိကာ စစ်တပ်က လေကြောင်းအလွန်အကျွံအသုံးပြ၍ ခုခံနေကြောင်း ဒေသသတင်းရင်းမြစ် များထံမှ သိရသည်။

 

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပုလဲမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားသော အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်းတို့ကို ဗိုလ်နဂါး ဦးဆောင်သာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA က မြို့သိမ်းတိုက်ပွဲရည်ရွယ်ချက်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများ အပြားအများသေဆုံးပြီး လေကြောင်းဖြင့် အလွန်အကျွံဗုံးကြဲချကာ ခုခံနေခြင်းဖြစ်ကြောင်း သိရ သည်။

“အခုပုလဲမှာ တိုက်ပွဲပြင်းထန်နေတယ် ရွာထဲမှာက ဗိုလ်နဂါးတပ်က လက်နက် တွေလည်းရထား တယ်၊ နည်းနည်းလဲ ထိခိုက်တာ ကျတာရှိတယ်ပြောတယ်။ လေကြောင်းသာ မတိုက်ရင် ပုလဲကို သိမ်းရပြီလို့ သိရတယ်” ဟု ပုလဲမြို့နေပြည်သူတစ်ဦးက ပြောကြားသည်။

 

ယခုတိုက်ခိုက်မှုသည် ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် – BNRA နှင့်မဟာမိတ်များက တိုက် ခိုက်ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် မြို့တွင်းနှင့်မြို့အနီးရှိ တိုက်ပွဲအတွင်း ပိတ်မိနေသော ပြည်သူများကို ဒေသခံ PDF တပ်ရင်းတပ်ဖွဲ့များက ကယ်ထုတ် ပေး နေကြောင်း သိရသည်။

 

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပုလဲမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၁၀ ကြိမ် ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် ရဲစခန်း အရှေ့မြောက်ဘက်ရှိ မြို့နယ် လျှပ်စစ် ဝန်ထမ်း အိမ်ယာကို ပေါင် ၅၀၀ ဗုံး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး မြို့နယ်လျှပ်စစ်မှူး ဦးကျော်ဆန်း သေဆုံး ကာ ၎င်း၏ ဇနီးဖြစ်သူ ထိခိုက်ဒဏ်ရာရရှိပြီး အခြေအနေစိုးရိမ်ရကြောင်း သိရသည်။

 

အလားတူ ရဲစခန်း အနောက်ဘက်ရှိ သုံးထပ်ဝန်ထမ်းအိမ်ယာကိုလည်း အကြမ်းဖက် စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲချမှုကြောင့် မြို့နယ်ထွေအုပ် NON CDM စာရေး ကိုဇင်မောင်၏ အမျိုးသမီးဖြစ်သူ မမျိုးဦးနှင့် သားဖြစ်သူ သေဆုံးခဲ့ပြီး ကိုဇင်မောင်လည်း ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရ သည်။

 

ထို့သို့ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် မြို့ ပေါ်ရှိ နေအိမ်များတွင် ပိတ်မိနေသော ပြည်သူ ၁၀၀၀ ခန့်ကိုလည်း ကျားသစ်နက် တပ်မတော် စစ်ဦးစီး ကိုကိုနိုင် ဦးစီးကာ ၃ ရက်ဆက်တိုက် ကယ်ထုတ်နိုင်ခဲ့ပြီး လက်ရှိချိန်တွင် ပိတ်မိနေသူများ မရှိတော့ကြောင်း သိရသည်။

 

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် မြို့ပေါ်ရှိ အနေအိမ်အများအပြား ထိခိုက် ပျက်စီးမှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

 

“မြို့တွင်း အခြေအနေကိုတော့ ပြောလို့မရသေးပါဘူး။ ပိတ်မိနေတဲ့ ပြည်သူများကို ကယ်ထုတ်လာ တာပါ။ ပိတ်မိနေတဲ့ သူတွေတော့ မရှိတော့ပါဘူး။ ပျက်စီးမှုတွေတော့ များမယ်။ သေချာတော့ အတည်မပြုနိုင်သေးပါဘူး။ ပြည်သူတွေ ထိခိုက်သေဆုံးမှုအခြေအနေတော့ ထပ်မသိရသေးဘူး” ဟု ကျားသစ်နက်တပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

 

တော်လှန်ရေး တပ်ဖွဲ့ဝင်များ ကယ်ထုတ်လာသည့် ပြည်သူ ၁၀၀၀ ကျော်သည် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း၊ ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင်လည်း ပုလဲမြို့ပေါ်တွင် တိုက် ပွဲများ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက် ခိုက်နေကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *